မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများနှင့် ထပ်မံရင်ဆိုင်ကြုံတွေ့လာပါက လျင်မြန်စွာ တုံ့ပြန်နိုင်ရေး ကြိုတင်စီမံမှုများနှင့် မြို့နယ်အချို့တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးသတ်တပ်ဖွဲ့မှ လိုက်လံသတိပေးဆော်သြမှုများ လုပ်ဆောင်လျက်ရှိပြီး ခရိုင်/မြို့နယ်မီးသတ်စခန်းများတွင် လူ၊ ယာဉ်၊ စက် အရေးပေါ် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ အသင့်စုဖွဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး ၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် အပါဝင် အခြားရေကြီး ရေလျှံမှုနှင့် ရင်ဆိုင်ခဲ့ရသည့် မြို့နယ်တို့တွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူများ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး သတိပေးဆော်ဩခြင်းများ လိုက်လံလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
လက်ရှိ ဗီယက်နမ်နိုင်ငံကို ဖြတ်ကျော်ခဲ့သည့် အပူပိုင်းမုန်တိုင်း “ဆိုးလစ်ခ်”၏ မုန်တိုင်းအကြွင်းအကျန်များနှင့် လေပွေလှိုင်းမှာ နောက် (၂၄) နာရီအတွင်း မြန်မာနိုင်ငံသို့ ဖြတ်ကျော်မည်ဖြစ်သောကြောင့် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အထူးသတင်းအဖြစ် ယနေ့ စက်တင်ဘာ (၂၀) ရက် မနက်ပိုင်းက ထုတ်ပြန်ထားသည်။
အဆိုပါ မုန်တိုင်းအကြွင်းအကျန်နှင့် လေပွေလှိုင်းများကြောင့် ယနေ့ စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းမှ စက်တင်ဘာ (၂၅) ရက်အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်သည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်လည်း နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေး ထုတ်ပြန်ထားသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
