အခွန်ထမ်းပြည်သူများ အခွန်ပေးဆောင်ရာတွင် လွယ်ကူမြန်ဆန်စေရန်အတွက် အီလက်ထရောနစ်နည်းလမ်းဖြင့် အခွန်ပေးဆောင်နိုင်ပြီဖြစ်ကာ နည်းလမ်းများ အဆင့်ဆင့် ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ထိုသို့ ပေးဆောင်ပါက ရရှိမည့် အကျိုးကျေးဇူးများအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အင်တာနက်ရရှိသော မည်သည့်နေရာမှမဆို အချိန်မရွေးလွယ်ကူလျင်မြန်စွာ ဆောင်ရွက်ခြင်း၊ ငွေကြေးကိုင်တွယ်မှုလျှော့ချနိုင်ခြင်း၊ မိမိနှင့်သက်ဆိုင်သော အခွန်ငွေပေးသွင်းခဲ့သည့် အချက်အလက်များကို ဦးစီးဌာန၏ Data Center ရှိ Database တွင် သိမ်းဆည်းထားသဖြင့် စနစ်တွင်မှတ်ပုံတင်(Register)ပြုလုပ်၍ ဝင်ရောက်စစ်ဆေးကြည့်ရှုနိုင်ခြင်း၊ ထိုသို့စစ်ဆေးနိုင်ခြင်းကြောင့် ငွေကြေးဆုံးရှုံးမှု၊အလွဲသုံးစားမှုနှင့် မသမာမှုဖြစ်ပွားခြင်း အန္တရာယ်တို့ကို ကြိုတင်ကာကွယ်နိုင်ခြင်းဟူသည့် ကောင်းကျိုးများကို ခံစားရမည်ဟုလည်း ဖော်ပြထားသည်။
ယင်းတွင် ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရော နစ်ငွေပေးချေမှုစနစ်များဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေပေးချေမှုကွန်ရက်စနစ် (CBM-NET)မှ တစ်ဆင့်လည်းကောင်း၊ MPU E-Commerce ကိုအသုံးပြု၍ Online မှလည်းကောင်း ပေးဆောင်နိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်သည်။
ပြည်တွင်းအခွန်များဦးစီးဌာနသို့ အီလက်ထရောနစ်နည်းဖြင့် အခွန်ငွေပေးဆောင်နိုင်မည့် နည်းလမ်းများမှာ e-Commerce ဖွင့်လှစ်ထားသော MPU Debit Card အသုံးပြု၍ Online မှ အခွန်ငွေပေးဆောင်ခြင်း(https://www.ird.gov.mm မှတစ်ဆင့် အခွန်ငွေပေးသွင်းခြင်း)၊မိုဘိုင်းအီလက်ထရောနစ်ငွေပေးချေမှု သို့မဟုတ် ပုဂ္ဂလိကဘဏ်များတွင် ဖွင့်လှစ်ထားသော ငွေစာရင်းမှ CBM-NET System ရှိ CCT Function ကို အသုံးပြ၍ အီလက်ထရောနစ်နည်းဖြင့် အခွန်ငွေပေးသွင်းနိုင်ကြောင်း ဖော်ပြထားသည်။
အထက်ပါနည်းလမ်းများအပြင် ဦးစီးဌာန၏ Website မှတစ်ဆင့် Multi-Channel Tax Payment Platform အနေဖြင့် အသုံးပြုအခွန်ငွေပေးဆောင်နိုင်ရန်အတွက် IRD’s Tax Payment Hub Portal အား အကောင်အထည်ဖော်ခဲ့ရာ ပထမအဆင့်အနေဖြင့် စက်တင်ဘာ ၁ ရက်နေ့မှစ၍ ယူအေဘီဘဏ်(uab Bank) ၏ UAB Pay နှင့် UAB Banking ဖြင့်လည်းကောင်း၊ e-Commerce ဖွစ်လှစ်ထားသော MPU Debit Card အသုံးပြ၍လည်းကောင်း အခွန်ငွေပေးသွင်းနိုင်ရန် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ IRD’s Tax Payment Hub Portal မှတစ်ဆင့် အခြားသော ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ပေးသွင်းနိုင်ရန် စနစ်ပိုင်းချိတ်ဆက်ပြီးချိန်တွင်လည်း အချိန်နှင့်တစ်ပြေးညီ အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။
IRD’s Tax Payment Hub Portal မှတစ်ဆင့် အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)တို့မှ ကုမ္ပဏီအဖွဲ့အစည်းအခွန်ထမ်းများနှင့် မြို့နယ်အခွန်ဦးစီးဌာနမှရုံး (၁၁၁)ရုံးတို့မှ တစ်ဦးချင်း ပုဂ္ဂိုလ်အခွန်ထမ်းများသည် e-Commerce ဖွင့်လှစ်ထားသော MPU Debit Card ကိုအသုံးပြ၍ Online မှလည်းကောင်း၊ယူအေဘီဘဏ် (uab Bank) ၏ uab Pay နှင့် uab Banking တို့ဖြင့် အခွန်ငွေပေးဆောင်နိုင်သည့်အပြင် လက်ရှိကျင့်သုံးလျက်ရှိသော ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့်လည်း ဆက်လက်ပေးဆောင်နိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ ကုမ္ပဏီအဖွဲ့အစည်း အခွန်ထမ်းများသည် အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ကိုအသုံးပြု၍လည်းကောင်း၊ တစ်ဦးချင်းပုဂ္ဂိုလ်အခွန်ထမ်းများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် (သို့မဟုတ်)အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ကိုအသုံးပြ၍လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ အင်တာနက်ရရှိသော မည်သည့်နေရာမှမဆို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website မှဝင်ရောက်ပေးသွင်းနိုင်ကြောင်း အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
