ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်း ၈ ခုတွင်ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။
ယင်းတွင် နေပြည်တော်နှင့် ကရင်၊ ပဲခူး မန္တလေး၊ မွန်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့၌ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကို စက်တင်ဘာ ၂၁ ရက်တွင်ကျင်းပမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ပြင် လှူဒါန်းလိုသူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိသတ်မှတ်ထားသည့်သူများထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။
ထုတ်ပြန်ထားသည့်စာရင်းများအရ ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်များရှိ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်တွင် စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီအချိန်အထိ ရရှိသောစာရင်းများအရ လူနေအိမ် ၄၄၇၁ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ၁၆၈၇၀၄ လုံး ရေဝင်နစ်မြုပ်ခဲ့သည့်အပြင် ပြည်သူ ၂၉၃ ဦးေ-သဆုံးကာ၊ ၈၉ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
