ရေဘေးအတွက်လှူဒါန်းမည့် ထွန်းထွန်းမင်း၏ ချန်ပီယံခါးပတ် ကျပ် သိန်း ၅၀၀ ဖြင့်လေလံအောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေလံပွဲနောက်ဆုံးရက်အား စက်တင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့ရုံတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမည်မဖော်လိုသူတစ်ဦးက မြန်မာငွေကျပ် သိန်း ၅၀၀ ဖြင့် လေလံတင်ဝယ်ယူသွားခဲ့ကြောင်း သိရသည်။
"အမည်မဖော်လိုသူတစ်ဦးက ကျွန်တော်တို့ လေလံခေါ်ထားတဲ့ သိန်းငါးရာကို ပေးသွားပါတယ်။ သိန်းငါးရာထက် ပိုပေးတဲ့သူမရှိတဲ့အတွက် သူတို့က ခါးပတ်ရသွားပါတယ်။ကျွန်တော်တို့ သတ်မှတ်ထားတဲ့စျေးကို ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်" ဟု ထွန်းထွန်းမင်းက ပြောကြားသည်။
အမည်မဖော်လိုသူတစ်ဦးမှ ငွေကျပ်သိန်းငါးရာဖြင့် ဝယ်ယူသွားခြင်းဖြစ်ပြီး ဝယ်ယူသွားသည့် ငွေကြေးများအား လက်ရှိရေဘေးသင့်ပြီး အကူအညီလိုအပ်နေသူများထံသို့ ထွန်းထွန်းမင်းကိုယ်တိုင် သွားရောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းမင်းမှာ စက်တင်ဘာ ၂၂ ရက်တွင် ကျော်စွာဝင်းနှင့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲMLWC 9 အား ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
