စင်္ကာပူ၊စက်တင်ဘာ ၂၀
စင်္ကာပူကြက်ခြေနီအသင်းသည် တိုက်ဖွန်းယာဂီဘေးဒဏ်ခံရသော မြန်မာနိုင်ငံရှိရေဘေးသင့်ပြည်သူများကို စင်္ကာပူဒေါ်လာ ၅၀,၀၀၀ ( အမေရိကန်ဒေါ်လာ ၃၈,၇၅၀) ဖိုး ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။
ယာဂီမုန်တိုင်းနောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ လူပေါင်း ၂၉၃ ဦးထက်မနည်းေ-သဆုံးခဲ့ပြီး စပါးခင်းများနှင့် အခြားကောက်ပဲသီးနှံ ၂၇၀,၀၀၀ ဟက်တာလည်း ရေကြီးနစ်မြုပ်ခဲ့ကြောင်းနိုင်ငံပိုင်မီဒီယာများတွင်ဖော်ပြထားသည်။
တိုက်ဖွန်းအလွန်ကာလမြန်မာနိုင်ငံရှိပြည်သူ ၆၃၀,၀၀၀ ထက်မနည်းအတွက် အထောက်အကူပြုပစ္စည်းများလိုအပ်နိုင်သကဲ့သို့ အပျက်အစီးအဆုံးအရှုံးများပြားသည့်အတွက် နိုင်ငံခြားအကူအညီများကို တရားဝင်တောင်းဆိုထားကြောင်းသိရသည်။
စင်္ကာပူကြက်ခြေနီအသင်းသည် မြန်မာန်ိုင်ငံကြက်ခြေနီအသင်းနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ကာ အစားအစာ၊ရေသန့်၊တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အခြားလိုအပ်နိုင်သည့်ထောက်ပံ့ရေးပစ္စည်းများကို ပြည်သူများထံပေးအပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
လတ်တလောအခြေအနေအရ သောက်သုံးရေသန့်ရှင်းမှုသည် အရေးအကြီးဆုံးဖြစ်နေသည့်အတွက် ရေစစ်များကိုလည်း လာမည့်အပတ်များတွင် ပေးပို့ထောက်ပံ့သွားမည်ဟု စင်္ကာပူကြက်ခြေနီအသင်းကပြောကြားခဲ့ပြီး လာအိုနှင့်ဗီယက်နမ်တို့ကိုလည်း အလားတူပင် စင်္ကာပူဒေါ်လာ ၅၀,၀၀၀ ဖိုးစီသီးသန့်ထောက်ပံ့သွားဦးမည်ဟုဆိုသည်။
Source : စီအင်န်အေ


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
