ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် ရ ထားလမ်းပိုင်းနေရာများအားပြန်လည်ပြင်ဆင်လျက်ရှိရာမှ ပြင်ဆင်ပြီးဖြစ်သည့် ရန်ကုန်-သာစည်ရထားလမ်းပိုင်းတွင် မနက်ဖြန် စက်တင်ဘာ ၂၁ ရက်မှစတင်၍ ရထားများပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-မန္တလေးရထားလမ်းပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ရေကြီးရေလျှံမှုကြောင့် အချို့ရထားလမ်းတာဘောင်နေရာများနှင့်တံတားများရေတိုက်စားပျက်စီးခဲ့သဖြင့် ရထားခရီးစဥ်များအား စက်တင်ဘာ ၁၆ ရက်မှစတင်ကာ ယာယီရပ်ဆိုင်းပြီး မြန်မာ့မီးရထားမှကျွမ်းကျင်ဝန်ထမ်းများက ပြန်လည်ပြုပြင်မှုများပြုလုပ်ခဲ့ကြသည်။
ထို့ကြောင့် ရန်ကုန်-သာစည်ရထားလမ်းပိုင်း၏ အဆန်ရထားလမ်းပိုင်းကိုပြုပြင်ပြီးဖြစ်၍ စက် တင်ဘာ ၂၁ ရက်မှစတင်၍ လူစီးရထားများနှင့်ကုန်တင်ရထားများကို ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြေးဆွဲပေးရာ၌ မနက်ဖြန်နံနက် ၅ နာရီတွင် ရန်ကုန်ဘူတာကြီးမှသာစည်ဘူတာသို့ အ မှတ် ၁၁ အဆန်လူစီးရထား၊ အမှတ် ၁၂ အစုန်လူစီးရထားသည် သာစည်ဘူတာမှ နံနက် ၆ နာရီတို့တွင် စတင်ထွက်ခွာပေးမည်ဖြစ်ကာ လမ်းခရီးဘူတာစဥ်အားလုံး၌ ရပ်တန့်ပေးသွားမည်ဖြစ်ကာ အထက်တန်းလက်မှတ်ခအဖြစ် တစ်ဦးလျင် ၁၇၀၀၀ ကျပ်နှင့်ရိုးရိုးတန်းလက်မှတ်ခအဖြစ် တစ်ဦးလျင် ၉၀၀၀ ကျပ်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားမှကျွမ်းကျင်ဝန်ထမ်းများက ရေ တိုက်စားမှုကြောင့်ပျက်စီးသွားသည့် ရထားလမ်းပိုင်းများနှင့်တံတားများအား ပြန်လည်ပြင် ဆင်မှုများပြုလုပ်လျက်ရှိ၍ ရန်ကုန်-မန္တလေး ရ ထားခရီးစဥ်များနှင့်သာစည်-မန္တလေးရထားခရီးစဥ်များကို ပြန်လည်ပြေးဆွဲပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
