ချယ်လ်ဆီးအသင်းသည် ယူကရိန်းတောင်ပံကစားသမား မူဒရစ်ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့တွင် အငှားချရန် စီစဉ်နေကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ၂၀၂၃ ဇန်နဝါရီတွင် အသက် (၂၃)နှစ်အရွယ်ရှိ မူဒရစ်ကို ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းမှာ Add-ons ကြေးများအပါအဝင် ယူရိုသန်း(၁၀၀)ဝန်းကျင်ဖြင့် ခေါ်ယူခဲ့သည်။
သို့သော် နေမာလက်သစ်ဟု ကျော်ကြားခဲ့သည့် မူဒရစ်သည် ချယ်လ်ဆီးအသင်းတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၆၂) ပွဲတွင် (၇) ဂိုးသာ သွင်းယူနိုင်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် နေတို၊ ဆန်ချို၊ ဂျော်အိုဖေးလစ်တို့လို နာမည်ကျော် တိုက်စစ်ကစားသမားများကို ခေါ်ယူခဲ့ရာ မူဒရစ်အနေဖြင့် အသင်းတွင် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်နေရသည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် အသင်းတွင် လက်ရှိအချိန်ထိ ခြေစွမ်းပြနိုင်ခြင်းမရှိသေးသည့် ယူကရိန်းတိုက်စစ်ကစားသမား မူဒရစ်အား လာမည့်ဇန်နဝါရီတွင် အငှားချရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မူဒရစ်အား ခေါ်ယူရန် ဘရိုက်တန်နည်းပြဟောင်း နည်းပြ ဒီဇယ်ဘီ ကိုင်တွယ်နေသည့် ပြင်သစ် မာဆေးလ်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
