ဆိုစီဒက်အသင်း၏ ကွင်းလယ်ကစားသမား ဇူဘီမန်ဒီသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့၌ လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှု ပြန်လည်ရရှိရန် လိုလားနေကြောင်း သိရသည်။
စပိန်ကွင်းလယ်ခံစစ်ကစားသမား ဇူဘီမန်ဒီ(၂၅ နှစ်)သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်း၏ အဓိကပစ်မှတ်ကစားသမားဖြစ်ခဲ့ပြီး လီဗာပူးလ်အသင်းဘက်က စာချုပ်လျော်ကြေးပေးချေကာ ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။
သို့သော် အသက် (၂၅) နှစ်အရွယ်ရှိ ဇူဘီမန်ဒီသည် ၎င်း၏ငယ်မွေးခြံပေါက်ကလပ် ဆိုစီဒက်အသင်းတွင် ဆက်နေလိုသည်ဟုဆိုကာ လီဗာပူးလ်အသင်းသို့ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။
သို့သော် လက်ရှိအချိန်တွင် ဆိုစီဒက်အသင်းမှာ လာလီဂါ၌ ရုန်းကန်နေရသည့်အတွက် ဇူဘီမန်ဒီသည် လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှု ပြန်လည်ရရှိရန် မျှော်လင့်နေခြင်းဖြစ်ကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် ဇူဘီမန်ဒီအား ခေါ်ယူနိုင်ခြင်းမရှိသည့်အတွက် အစားထိုး ကွင်းလယ်ခံစစ်ကစားသမား ခေါ်ယူခဲ့ခြင်းမရှိဘဲ ဂရာဗန်ဘတ်ချ်ကို ကွင်းလယ်ခံစစ်ကစားသမားအဖြစ် အသုံးပြုလျက်ရှိရာ အောင်မြင်နေသည်။
သို့သော် ဘောလုံးဝေဖန်သူများက လီဗာပူးလ်အသင်းအနေဖြင့် ထိပ်တန်းကွင်းလယ်ခံစစ်ကစားသမားတစ်ဦး ခေါ်ယူရန် လိုအပ်နေဆဲဖြစ်ကြောင်း ထောက်ပြနေကြသည်။
ထို့ကြောင့် လီဗာပူးလ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဇူဘီမန်ဒီဘက်က လိုလိုလားလားရှိပါက ၎င်းကို ခေါ်ယူရန် ပြန်လည်ကြိုးပမ်းလာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
