ဗင်နီဇီယာ - ဂျီနိုအာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၇:၃၀ နာရီ)
တန်းတက်အသင်းတွေထဲမှာ ဗင်နီဇီယာက အတော်လေးအားနည်းပါတယ်။ (၄)ပွဲကစားအပြီး (၁)ဂိုးသာသွင်းနိုင်ခဲ့တဲ့ တိုက်စစ်ကလည်း စိတ်ပျက်စရာပါပဲ။ ဒီပုံစံနဲ့တော့ ဗင်နီဇီယာအသင်း ဂျီနိုအာကို နိုင်မှာမဟုတ်ဘူး။
ဂျူဗင်တပ်စ် - နာပိုလီ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၁၀:၃၀ နာရီ)
နည်းပြသစ် (၂)ဦးတွေ့ဆုံတဲ့ပွဲဖြစ်ပြီး စိတ်ဝင်စားစရာပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပါတယ်။ နည်းပြ မော့တာရဲ့ ဂျူဗင်တပ်စ်က စီးရီးအေနောက်ဆုံး (၂)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ရဲ့ ကွင်းတွင်းခြေစွမ်းကတော့ အထင်ကြီးစရာကောင်းပြီး မော့တာလက်ထဲမှာ အချိန်တိုအတွင်း အထိုင်ကျနေပြီလို့ ဆိုရမှာပါ။ ကွန်တီရဲ့ နာပိုလီကလည်း အဖွင့်ပွဲမှာ ဂိုးပြတ်ရှုံးခဲ့ပေမဲ့ (၃)ပွဲဆက်အနိုင်ရခဲ့တယ်။ လူကာကူရောက်လာခြင်းက နာပိုလီရဲ့ တိုက်စစ်ကို ပိုအားကောင်းသွားစေပါတယ်။ ဒါပေမဲ့ တူရင်မှာတော့ ဂျူဗင်တပ်စ်ကို ကြိုက်တယ်။
လက်ချီ - ပါးမား (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၂ ရက် နံနက် ၁:၁၅ နာရီ)
ပါမားက တိုက်စစ်ကစားပုံကောင်းပေမဲ့ ခံစစ်ကတော့ ဂိုးတွေ တောက်လျှောက်ပေးနေရတယ်။ လက်ချီက ထိပ်သီးတွေကို ရှုံးခဲ့ပေမဲ့ အိမ်ကွင်းမာကျောပါတယ်။ အိမ်ရှင်လက်ချီကို ရွေးချယ်ချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
