ဗယ်လာဒိုလစ် - ဆိုစီဒက် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၆:၃၀ နာရီ)
ဗယ်လာဒိုလစ်တို့ အဝေးကွင်းမှာ အခြေအနေဆိုးနေပေမယ့် ရာသီအဖွင့်အိမ်ကွင်းမှာတော့ ရှုံးပွဲမရှိသေးဘဲ မာကျောမှုကိုပြသနေတယ်။ ဆိုစီဒက်ကတော့ ဒီရာသီအစမှာ သိသိသာသာကိုကျသွားတဲ့အပြင် အရင်ကတည်းက ဗယ်လာဒိုလစ်နဲ့တွေ့တိုင်းခက်ခက်ခဲခဲရင်ဆိုင်ရတတ်တဲ့ အစဉ်အလာလည်း ရှိနေတယ်။ ဒါကြောင့် အိမ်ကွင်းအားနဲ့ ဖိအားပေးလာမယ့် ဗယ်လာဒိုလစ်တို့ သေချာပေါက်အမှတ်ယူနိုင်မှာပါ။ ဂိုးနည်းမယ်။
အိုဆာဆူနာ - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၈:၄၅ နာရီ)
လက်စ်ပါမားစ်ကတော့ နိုင်ပွဲရဖို့ရုန်းကန်နေရတုန်းပါပဲ။ အဝေးကွင်းဆိုရင် ကစားပုံကလည်းအားနည်းတတ်လို့ အိမ်ကွင်းကစားအားကောင်းတဲ့ အိုဆာဆူနာကို ပွဲချိန်ပြည့်တောင့်ခံနိုင်မယ်မထင်ပါဘူး။ ရာသီအစအိမ်ကွင်းပွဲမျိုးမှာ အမှားခံဖို့မရှိတဲ့ အိုဆာဆူနာနဲ့ ဂိုးအများပဲ ရွေးထားလိုက်တယ်။
ဗလင်စီယာ - ဂျီရိုနာ (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၁၁:၀၀ နာရီ)
လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ဘာစီလိုနာ၊ PSG အသင်းတွေ ကို ဆက်တိုက်ရင်ဆိုင်ပြီး မက်စ်တဲလားကိုရောက်မယ့် ဂျီရိုနာတို့ ပွဲပန်းမှုဒဏ်ကိုခံရနိုင်တယ်။ ဗလင်စီယာကလည်း ရာသီအစနိုင်ပွဲ မရသေးလို့ နိုင်ပွဲရရေးရုန်းကန်နေတဲ့အချိန်ဖြစ်ပြီး ပွဲပန်းနေတဲ့ ဂျီရိုနာကို အိမ်ကွင်းအားနဲ့ ဖိအားပေးထားနိုင်မှာ သေချာတယ်။ ဗလင်စီယာတိုက်စစ်သာ ဂိုးရအောင်ကစားနိုင်ရင် ဂျီရိုနာကို အနိုင်ယူမယ့်အခြေအနေရှိပါတယ်။ ဗလင်စီယာနဲ့ ဂိုးအများပါပဲ။
ရီးယဲလ်မက်ဒရစ် - အက်စ်ပန်ညို (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၂ ရက် နံနက် ၁:၃၀ နာရီ)
နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲဆက်တိုက်မှာ ပယ်နယ်တီ (၄) ကြိမ်အထိရခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ကို ဝေဖန်မှုတွေ ရှိနေတယ်။ အသင်းကစားပုံကလည်း ခုထိတော့ အန်ဆယ်လော့တီ စိတ်ကြိုက်မတွေ့သေးသလိုပါပဲ။ ဒါပေမဲ့ ဘယ်လင်ဂမ်နဲ့ ချူယာမန်နီတို့ ပြန်ကစားလာနိုင်တာကြောင့် ရီးယဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းက ပိုတောင့်တင်းလာဖို့ရှိနေပြီး အိမ်ကွင်းမှာကစားရမှာဖြစ်လို့လည်း အခွင့်အရေးပိုကောင်းနေတာအမှန်ပါ။ အက်စ်ပန်ညိုကလည်း အဝေးကွင်း သိပ်ကောင်းလှတယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ အဝေးကွင်းမှာ ခံစစ်ပိတ်ကစားလာနိုင်မှုကြောင့် ရီးယဲလ်မက်ဒရစ်ရဲ့တိုက်စစ်ဂိုးရဖို့တော့အတော်လေးအားစိုက် ကစားရဖို့ရှိနေတယ်။ ဘာနေဗျူးမှာကစားမယ့် ဒီပွဲက ရီးယဲလ်မက်ဒရစ်အနိုင်ရဖို့ များနေပေမယ့် ဂိုးတွေအများကြီးနဲ့တော့ မနိုင်လောက်ဘူး။ ထုံးစံအတိုင်း (၂-၀) လောက်ပဲ ဖြစ်နိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
