■ ပရီးမီးယားလိဂ်အသင်းတစ်သင်းတွင် လီဗာပူးလ်နောက်ခံလူဟောင်း မာတစ် ပြန်ကစားဖွယ်ရှိ
24htopnews | September 21, 2024 3:12 AM CST
လီဗာပူးလ်အသင်း၏ ကစားသမားဟောင်း မာတစ်သည် ပရီးမီးယားလိဂ်အသင်းတစ်သင်းတွင် ပြန်ကစားဖွယ်ရှိကြောင်း သိရသည်။
ကင်မရွန်းနောက်ခံလူ မာတစ်(၃၃ နှစ်)သည် ပြီးခဲ့သည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
၎င်းကို လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် ဝက်စ်ဟမ်း၊ ဖူလ်ဟမ်နှင့် ဝုလ်ဗ်အသင်းတို့က ခေါ်ယူရန် ကမ်းလှမ်းထားပြီး ၎င်းကလည်း ပရီးမီးယားလိဂ်တွင် ပြန်ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။
မာတစ်သည် လီဗာပူးလ်အသင်းတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၈) ရာသီကြာ ကစားခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၀၁) ပွဲတွင် (၁၁)ဂိုး သွင်းယူခဲ့သည်။
မာတစ်သည် လီဗာပူးလ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား (၆) လုံးအထိ ရယူနိုင်ခဲ့သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
