နေပြည်တော်အတွင်း၌ အဆင့်မြင့်အိမ်ယာစီမံ ကိန်း(၃)ခုကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်၏ တင်ဒါကော်မတီထံမှ သိရသည်။
ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း၏ အရှေ့ဘက်၊ သုခတော်ဝင်အိမ်ရာအနီးရှိ မြေဧ က(၃၀)ခန့်တွင် စီမံကိန်းနေရာ(၁)၊ ပျဉ်းမနား- တောင်ညိုလမ်း၏ အရှေ့ဘက်၊ DENKO စက်သုံးဆီအရောင်းဆိုင်အနီးရှိ မြေဧက(၃၀)ခန့်တွင် စီမံကိန်းနေရာ(၂)နှင့် ဓနသိဒ္ဓိရပ်ကွက်၊ တော်ဝင်သီရိလမ်း၏ အနောက်ဘက်၊ သံတမန်ဇုံအနီးရှိ မြေဧက(၃၀)ခန့်တွင် စီမံကိန်းနေရာ(၃)တို့အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အဆင့်မြင့်အိမ်ရာစီမံကိန်း(၃)ခု Lot (၃)ခုအား အလုံးစုံရင်းနှီးမြှုပ်နှံတည်ဆောက်ရန် Developer လုပ်ငန်းရှင်/ကုမ္ပဏီများအား စိတ် ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest(EOI)ဖြင့် တင်ဒါကော်မတီက ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Form အဆိုပြုလွှာပုံစံနှင့်စည်းကမ်းချက်များကို နေပြည်တော်စည်ပင်၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)၌ စက်တင်ဘာ ၁၇ ရက်မှစတင်၍ ရောင်းချပေးလျက်ရှိရာ စိတ်ပါဝင်စားသူများအနေဖြင့် ကုမ္ပဏီဆိုင်ရာအထောက်အထားမိတ္တူများပြ သ၍ လာရောက်ဝယ်ယူနိုင်ကြောင်း သိရသည်။
ယင်း EOI Form များအား အောက်တိုဘာ ၄ ရက်ညနေ ၄ နာရီတွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ဖုန်း ၀၆၇ – ၈၁၀၈၂၁၂ သို့ ဆက်သွယ်စုံစမ်းနိုင်သည်ဟု တင်ဒါကော်မတီက အသိပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
