လိုင်လီ - စထရာဘိုး (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၉:၃၀ နာရီ)
(၂)ပွဲဆက်အရှုံးဒဏ်ကနေရုန်းထွက်ဖို့ လိုင်လီတို့အိမ်ကွင်းမှာ ခြေကုန်ထုတ်လာမှာပါ။ စထရာဘိုးကလည်း ခပ်မှန်မှန်သွားနေတဲ့အသင်းဖြစ်ပြီး တိုက်စစ်ကစားပုံကောင်းမွန်ပါတယ်။ လိုင်လီကွင်းဆိုပေမယ့် စထရာဘိုး အမှတ်ယူမှာပါ။
ရန်းစ် - လန်းစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၁ ရက် ည ၁၁:၃၀ နာရီ)
လန်းစ်က ရှုံးပွဲမရှိသေးတဲ့အသင်းဖြစ်ပြီး တစ်ပွဲတစ်ဂိုးနှုန်းနဲ့အမှတ်တွေစုခဲ့တာတွေ့ရတယ်။ ခံစစ်ပိုင်းကလည်း ကျစ်လျစ်မာကျောပြီး ကွင်းမရွေး မာမာထန်ထန်တုံ့ပြန်တတ်တဲ့အသင်းပါ။ ရန်းစ်အိမ်ကွင်းဆိုပေမယ့် လန်းစ်တို့ အမှတ်ယူမှာပါ။
Reims - PSG (မြန်မာစံတော်ချိန် စက်တင်ဘာလ ၂၂ ရက် နံနက် ၁:၃၀ နာရီ)
(၄) ပွဲဆက်အနိုင်ရလဒ်နဲ့ တာထွက်လှနေတဲ့ PSG အတွက် ခက်ခဲနိုင်တဲ့ပွဲပါ။ Reims က အစဉ်အလာမရှိပေမယ့် ပြီးခဲ့တဲ့ရာသီ ပါရီမြေမှာ PSG ကို သရေကစားပြခဲ့တယ်။ ဒီရာသီမှာတော့ ဒီလိုထပ်စွမ်းဆောင်နိုင်ဖို့မလွယ်ကူပေမယ့် လက်ရှိ Reims ရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းကလည်း PSG ကို အခက်တွေ့စေမှာသေချာပါတယ်။ PSG ကတော့ တစ်ပွဲပျမ်းမျှ (၄)ဂိုးအထိသွင်းယူထားပြီး နေရာစုံမှာဂိုးသွင်းနိုင်တဲ့ကစားသမားတွေ များပြားနေတယ်။ ဒီအချက်က Reims ထက် သိသိသာသာ အားသာမှုပါပဲ။ Reims တို့အိမ်ကွင်းမှာအမှတ်ရဖို့ကြိုးစားလာနိုင်ပေမယ့် PSG ပဲ ကပ်နိုင်သွားဖို့ရှိနေတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
