ဂီတာဖေး နှင့် လီဟာနက်စ်
ဂီတာဖေးကစားပုံမဆိုးပေမယ့် တိုက်စစ်ကဂိုးရဖို့ခက်နေတယ်။ အခုလည်း လီဟာနက်စ်ကို အိမ်ကွင်းမှာ အသားစီးနဲ့ကစားနိုင်ဖို့တော့များပေမယ့် ခံစစ်အားပြုလာနိုင်တဲ့ လီဟာနက်စ်ကို ဂိုးရအောင် ဂီတာဖေးတိုက်စစ်ခက်ခက်ခဲခဲကစားယူရဦးမယ်ထင်တယ်။ ဂီတာဖေးနဲ့ ဂိုးအနည်းပဲဦးစားပေးသင့်တယ်။
ဘီလ်ဘာအို နှင့် ဆယ်လ်တာဗီဂို
ဆယ်လ်တာဗီဂိုတို့ ဒီရာသီမှာ တိုက်စစ်စွမ်းပြနေပြီး ဇယားထိပ်ဆုံးက ဘာစီလိုနာပြီးရင် လာလီဂါရဲ့ ဒုတိယဂိုးအများဆုံးရထားတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမဲ့ ခံစစ်လုံခြုံမှုအားနည်းနေသေးလို့ သမ္ဘာပိုရင့်တဲ့ ဘီလ်ဘာအိုရဲ့ အိမ်ကွင်းကစားအားက ဆယ်လ်တာဗီဂိုရဲ့ခံစစ်ကိုအခက်တွေ့ စေဦးမှာသေချာတယ်။ ဆမ်မာမီးစ်မှာ အမှားခံဖို့မရှိတဲ့ ဘီလ်ဘာအိုနဲ့ ဂိုးအများကိုပဲ ရွေးထားလိုက်တယ်။
ဗီလာရီးယဲလ် နှင့် ဘာစီလိုနာ
ဘာစီလိုနာအတွက် စိန်ခေါ်မှုရှိနေမယ့်ပွဲမျိုးပါပဲ။ ချန်ပီယံလိဂ်မှာ မိုနာကိုနဲ့အဝေးကွင်းကစားအပြီး အခုရှုံးပွဲမရှိသေးတဲ့ ဗီလာရီးယဲလ်လိုအသင်းကို အဝေးကွင်းမှာ ဆက်ရင်ဆိုင်ရမှာပါ။ ဒါကြောင့် ဒီပွဲက ဘာစီလိုနာအတွက် ခြေစွမ်းစမ်းသပ်ခံ ပြရမယ့်ပွဲမျိုးလည်းဖြစ်နေတယ်။ အော်လ်မိုဒဏ်ရာကြောင့်နား၊ ဖယ်ရန်တောရက်စ်ပွဲပယ်ခံထားရလို့ ဘာစီလိုနာလူအင်အားနည်းသလိုဖြစ်နေပေမယ့် အန်ဆူဖာတီပြန်ပါလာနိုင်တာရယ်၊ ဂါဗီလည်းလေ့ကျင့်ခန်းအပြည့်ပြန်ဆင်းနေနိုင်တာကြောင့် ဘာစီလိုနာသိပ်ပြီးလျော့သွားဖို့တော့မရှိဘူး။ ဗီလာရီးယဲလ်ကတော့ မာဆယ်လီနိုလက်ထဲမှာကစားပုံပြန်တက်နေပြီး အဖွင့်လှနေနေသလို တိုက်စစ်ကလည်းထက်မြက်နေတာတွေ့ရတယ်။ ဒီပွဲကနှစ်သင်းစလုံးအပြန်အလှန်ဖွင့်ကစားမယ့်ပွဲမျိုးဖြစ်လာနိုင်ပြီး ဘာစီလိုနာနဲ့ ဂိုးအများကိုပဲရွေးထားချင်တယ်။
ဗယ်လက်ကာနို နှင့် အက်သလက်တီကို
အက်သလက်တီကိုက တစ်ပွဲပြီးတစ်ပွဲပိုငြိမ်လာနေတယ်။ အယ်လ်ဗာရက်ဇ်လည်း ဂိုးစရသွားပြီဆိုတော့ တိုက်စစ်က အရှိန်ပိုကောင်းလာဖို့ပဲရှိတော့တယ်။ ဗယ်လက်ကာနိုရဲ့ ရာသီအဖွင့်ကစားပုံကမဆိုးလှပေမယ့် ခံစစ်ကစားပုံတော့လျော့နေသေးသလိုဖြစ်နေတယ်။ အိမ်ကွင်းကစားအားမဆိုးလှပေမယ့် အစဉ်အလာမှာ အက်သလက်တီကိုကို မယှဉ်နိုင်သလိုဖြစ်နေတာက အားနည်းချက်လိုပါပဲ။ အက်သလက်တီကိုပဲရွေးမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
