ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်း ဂေါက်ကွင်းအနီး ရပ်ထားသည့် လိုက်ထရပ်ယာဉ်အား ဘိလပ်မြေတင် ကားမှ အရှိန်လွန် ဝင်ရောက် တိုက်မိမှု ဖြစ်ပွားရာ အမျိုးသား (၆)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သွားရောက်ကူညီ ပရဟိတအသင်းနှင့် အနီးနားဝန်းကျင်ရှိ မြို့ခံတို့ထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ (၂၀)ရက်၊ ညနေပိုင်း အချိန်ခန့်က ဘိလပ်မြေတင်ကားနှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိမှု ဖြစ်ပွားကြောင်း သိရသဖြင့် We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း ကူညီရန် သွားရောက်ခဲ့ကြောင်း သိရသည်။
“တညင်းကုန်းက ဂေါက်ကွင်းနားမှာ ဘိလပ်မြေကားနဲ့ လိုက်ထရပ်ယာဉ်တို့ တိုက်မှုဖြစ်တယ် သတင်းရလို့ သွားရောက် ကူညီပြီး ဒဏ်ရာရသူတွေကို မိတ်ဖက်အသင်းတွေနဲ့ ပူးပေါင်းပြီး အင်းစိန်ဆေးရုံ ပို့ဆောင်ပေးခဲ့ပါတယ်”ဟု We love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းက ဆိုသည်။
ဖြစ်စဉ်မှာ ရပ်ထားသည့် လိုက်ထရပ်ယာဉ်အား ဘိလပ်မြေတင်ကားမှ တိုက်မိခြင်းဖြစ်ပြီး လိုက်ထရပ် ယာဉ်ပေါ်ပါသူများအနက် အမျိုးသား (၆)ဦး အဝါရောင်အဆင့် ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း သိရသည်။
အဆိုပါ လူနာ(၆)ဦးအား We love Care Burma လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်းမှ လူနာ(၄)ဦး၊ ကနောင်လူမှူကူညီရေးအသင်းမှ လူနာ(၁)ဦးနှင့် မာတာလူမှူကူညီရေးအသင်းမှ လူနာ(၁)ဦးတို့အား အသီးသီး အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ဘိလပ်မြေတင်ကားမှာလည်း တိမ်းမှောက်ခဲ့ရပြီး လိုက်ထရပ်ယာဉ်မှာလည်း ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
