ရေဘေးသင့်ပြည်သူများအား အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ရန် ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့ အင်ဂျင်ပါဝါ 13 HP ရှိ ကယ်ဆယ်ရေးသုံး ဖိုင်ဘာစက်လှေ (၁၈) စီး လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်ဖုန်းမုန်တိုင်းယာဂီကြောင့် စက်တင်ဘာ(၁၀) ရက်မှ စတင်၍ မြန်မာနိုင်ငံတစ်ဝန်း ရေကြီး၊ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ကမ္ဘောဇဘဏ်အနေဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် အရေးပေါ် အစီအစဉ်များ စနစ်တကျ ချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။
အဆိုပါ ဆောင်ရွက်မှုများထဲမှ တစ်ခုအဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) သို့ ရေဘေးသင့်ပြည်သူများအား အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ရန် အင်ဂျင်ပါဝါ 13 HP ရှိ ကယ်ဆယ်ရေးသုံး ဖိုင်ဘာစက်လှေ (၁၈) စီးလှူဒါန်းခဲ့ပြီး ၎င်းစက်လှေများကို အရေးပေါ် ကယ်ဆယ်ရေး အတွက်လိုအပ်သော ဒေသများသို့ ကြက်ခြေနီအသင်းမှ ဦးဆောင်၍ အမြန်ဆုံး ပေးပို့သွားမည် ဖြစ်သည်။
ကမ္ဘောဇဘဏ်အနေဖြင့် ယခင် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် မြန်မာနိုင်ငံအတွင်း ရေကြီးခြင်း၊ မြေပြိုခြင်းများ ကြုံတွေ့ခဲ့ရသော ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးတို့ရှိ မြို့နယ် (၁၅) မြို့တို့တွင် ကယ်ဆယ်ရေးလုပ်ဆောင်ရာ၌ အသုံးပြုနိုင်ရန်အတွက်လည်း ဖိုင်ဘာလှေ (၂၆) စီးအား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းခဲ့ပြီး ထိုဖိုင်ဘာလှေများကို ယခုလက်ရှိ ရေဘေးသင့်ဒေသများတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ကမ္ဘောဇဘဏ်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း (Myanmar Red Cross Society) နှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကယ်ဆယ်ရေး ဖိုင်ဘာလှေ (၄၄) စီးဖြင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ရေကြီးရေလျှံမှုဖြစ်စဉ်အတွက် အရေးပေါ် ကူညီရန် ဌာနများအဖြစ် သတ်မှတ်ထားသော ဘဏ်ခွဲပေါင်း (၁၀၀) မှ တဆင့် စက်တင်ဘာ(၁၀) ရက်မှ စတင်ကာ အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေ၊ အင်းလေး၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ ကူမဲ၊ မြစ်သား၊ ပျဉ်းမနား၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ လယ်ဝေး၊ တာချီလိတ်အစရှိသည့် ရေဘေးဒဏ် ပြင်းထန်စွာခံစားရသည့် နေရာဒေသများသို့ ရိက္ခာနှင့် အဝတ်အထည်၊ အိမ်သုံးဆေးဝါးများ တင်ဆောင်ထားသည့် ကုန်တင်ကားကြီးများ ကမ္ဘောဇဘဏ် ဝန်ထမ်းများက ရပ်မိရပ်ဖများ၊ ဒေသခံ ပရဟိတအသင်းများနှင့် ပူး ပေါင်း၍ ရန်ကုန်မြို့မှ နေ့စဉ်ထွက်ခွာကူညီလျက်ရှိကြောင်း လည်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
