တိုင်ဖွန်းမုန်တိုင်း ယာဂီ နောက်ဆက်တွဲ မိုးရွာသွန်းမှုကြောင့် ရေကြီးမြေပြိုဖြစ်ခဲ့ရသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောတွင် ရေပြန်ကျပြီး ရွှံ့နွံနုန်းများ ရှင်းလင်းရန် လူအင်အား၊ ငွေအင်အား လိုအပ်နေကြောင်း သိရသည်။
“ကလောမှာက နုန်းတွေက အနည်းဆုံးလေးပေအထက်ပဲ၊ အတော်ရှင်းယူရတယ်၊ လူမနိုင်ဘူး၊ အိမ်တအိမ်ရှင်းမယ်ဆို အနည်းဆုံး လူဆယ်ယောက်နဲ့ အချိန် သုံးရက်လောက်ကြာနေတယ်” ဟု ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ကူညီနေသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ရွှံ့နွံနုန်းမြေများကို ဆေးကြောရာတွင်လည်း ရေကလိုအပ်နေပြီး လက်ရှိတွင် ရေအခက်အခဲလည်း ဖြစ်နေသည်ဟု သူက ဆိုသည်။
“တမြို့လုံးမှာ ရေကားလေးစီးပဲရှိတာ လက်မလည်ဘူး၊ ရေကလည်း အဲလိုဆေးဖို့ ဝယ်နေရတာ ၊ လူအားငွေအားရောဆို ဆယ်သိန်းလောက်ကုန်ကြတယ် တချို့ဆို” ဟု သူက ပေါ်ပြူလာနယူးကို ရှင်းပြသည်။
ထို့ကြောင့် ရွှံ့နုန်းမြေများရှင်းလင်းရန် လူအင်အား၊ စက်ယန္တာရားအင်အားလည်း လိုအပ်နေပြီး အသင်းအဖွဲ့များ ပူးပေါင်းလုပ်ဆောင်နေကြသည်ဟု သူကဆိုသည်။
လက်ရှိ ကြာသပတေးနေ့အထိရထားသော စာရင်းများအရ တနိုင်ငံလုံး ေ-သဆုံးသူ ၂၉၃ ဦးရှိကာ ၈၉ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးဒဏ် စီမံခန့်ခွဲမှုကော်မတီမှ စာရင်းထုတ်ပြန်ထားသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
