ရန်ကုန်မြို့တွင် အိမ်၊ တိုက်ခန်းငှါးခဈေးနှုန်းများ ဆက်လက်မြင့်တက်နေဆဲဖြစ်သောကြောင့် အခြေခံပြည်သူများအပါအဝင် လခနည်းဝန်ထမ်းများအတွက် ငှါးရမ်းမှုတွင် အခက်ကြုံနေရသည်။
“နှစ်သိန်းတန်အခန်းက ဟောတိုက်နော်၊ သုံးသိန်း ဖြစ်သွားတယ်၊ ပွဲစားခကလည်း တလစာပေးရမယ်၊ ခြောက်လချုပ်မှာ မခံနိုင်ဘူးဖြစ်နေတယ်” ဟု အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်မြို့သို့ရောက်ရှိလာရသည့် မိသားစုတစ်စုမှ အမျိုးသမီးတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌အလုပ်အကိုင်ရှားပါးမှု၊ကုန်ဈေးနှုန်းကြီးမြင့်လာမှုများအပါအဝင် အိမ်တိုက်ခန်းငှါးရမ်းခဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် အခြေခံပြည်သူများအတွက် နေ့စဉ်စားဝတ်နေရေးကိုပင် အနိုင်နိုင်ဖြေရှင်းနေကြရသည်။
“မြန်မာပြည်မှာ ဒေါ်လာငွေဈေးတက်ရင် ဈေးတွေ အကုန်တက်တယ်၊ ခုဒေါ်လာဈေးတွေ အများကြီးပြန်ကျတော့ မတွေ့ရဘူး ၊အဲဒါဘာကြောင့်လဲ၊ ပိုင်ရှင်တွေကလည်း ကြိုက်ရင်နေ မကြိုက်ရင်မနေနဲ့ပုံစံလေ၊ ခက်တယ်” ဟု အဆောင်ငှါးရမ်းနေထိုင်သူ အမျိုးသားတစ်ဦးကလည်း ပေါ်ပြူလာနယူးကိုပြောသည်။
ထို့အပြင် စစ်ဘေးရှောင်များ၏ လိုအပ်ချက်ကို အသုံးချကာ အိမ်ခြံမြေဈေး ဆွဲတင်မှုများလည်းရှိနေပြီး ငှားရမ်းခ တစ်သိန်းခွဲတန်သာပေါက်ဈေးရှိသည့်အခန်းကို အိမ်ပွဲစားအကျိုးဆောင်များက နှစ်သိန်း၊ နှစ်သိန်းခွဲအထိဈေးခေါ် ပြီး ငှါးရမ်းကြခြင်းမျိုးလည်းရှိနေကြောင်း အိမ်ငှါးဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အိမ်တိုက်ခန်း ငှါးခများသည် မြို့တွင်း (၆)မြို့နယ် ဧရိယာအနီးတွင် အပေါ်ဆုံးထပ်လျှင် ကျပ် ၃ သိန်းခွဲမှ ၅သိန်းခွဲ၊ ၆သိန်းထိရှိနေကြောင်းလည်း သိရသည်။
ထို့အပြင် တိုက်ခန်းငှါးရန် မတတ်နိုင်ကြသည့် လူများသည်လည်း လချင်းပေးနိုင်သည့် အဆောင်များကို ရှာဖွေနေကြရပြီး မြို့စွန် မြို့နယ်ရပ်ကွက်များပင်လျှင် ဆယ်ပေပတ်လည်အဆောင်အခန်းမျိုး၌ တလလျှင် တစ်သိန်း နီးပါးပေးနေရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
