ရေဘေးသင့် ပြည်သူလူထုများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် ကျန်းမာရေးအထောက်အကူပြု ဆေးဝါးများကို နယ်မြေဒေသစုံမှ လှူဒါန်းသူများနှင့် အစိုးရဌာနများမှလှူဒါန်းမှုများအတွက် အထူးကိစ္စရပ်အနေဖြင့် ရောင်းချပေးလျက်ရှိကြောင်းစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ စက်မှုဝန်ကြီးဌာနသို့ မှာယူထားသည့် ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများနှင့် ပရိဘောဂများ ထုတ်လုပ်မှုအခြေအနေများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုလတ်တလော အခြေအနေတွင်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် ရေဘေးသင့်ပြည်သူလူထုများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးများကို နယ်မြေဒေသစုံမှ လှူဒါန်းသူများနှင့် အစိုးရဌာနများမှ လှူဒါန်းမှုများအတွက် အထူးကိစ္စတစ်ရပ်အဖြစ် ရောင်းချပေးလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ လူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝ ဆောင်ရွက်ပေးနိုင်ရေးအတွက် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကဆိုသည်။
စက်မှုဝန်ကြီးဌာနမှ ပြည်သူများ လိုအပ်သည့်အခြေခံဆေးဝါးများကို တိုးမြှင့်ဝယ်ယူသွားမည်ဖြစ်သည့်အတွက် လိုအပ်သည့်ဆေးဝါး ကုန်ကြမ်းများကို ကြိုတင်ဝယ်ယူထားစေလိုကြောင်း၊ ယခင်မှာယူထားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကုသဆေးများ၊ ဓာတ်ဆားထုပ်များ၊ သွေးကြောသွင်းဆေးရည်များကို ဦးစားပေး ထုတ်လုပ်ပေးစေလိုကြောင်း ၊ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဆေးဝါးများစွာလိုအပ်သဖြင့် မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုး ကဲ့သို့သော ရောဂါများကုသသည့် ဆေးဝါးများကို တိုးမြှင့်ထုတ်လုပ်စေလိုကြောင်းပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
