ဖနွမ်းပင်၊စက်တင်ဘာ ၂၁
ကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဌ မစ္စတာဟွန်ဆန်၊ဝန်ကြီးချုပ် ဟွန်မာနက်နှင့် အခြားအကြီးတန်းအရာရှိများက ၎င်းတို့နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား – လာအို – ဗီယက်နမ် ဖွံ့ဖြိုးတိုးတက်ရေးတြိဂံနယ်မြေ (CLV-DTA) မှ နှုတ်ထွက်ကြောင်းထုတ်ပြန်ကြေငြာခဲ့ကြသည်။
အထက်လွှတ်တော် ဥက္ကဋ္ဌက စက်တင်ဘာ ၂၀ ရက်ညပိုင်းတွင် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ အဆိုပါ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ကြေငြာရာ၌ စက်တင်ဘာ ၂၀ ရက်မှစ၍ အကျုံးဝင်သည်ဟုဆိုသည်။
ကမ္ဘောဒီးယား၏ထုတ်ပြန်ချက်၌ CLV ဒေသကို ၂၅ နှစ်တိုင်တိုင် အတူလက်တွဲဖော်ဆောင်နိုင်ခဲ့ပြီး Kratie၊ Stung Treng၊Mondulkiri နှင့် Ratanakkiri ဒေသများတွင် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်မှုများရရှိအောင်မြင်ခဲ့သည်ဟုဖော်ပြထားသည်။
သို့သော် အစွန်းရောက်သမားများက CLV ဒေသကိုအသုံးချကာ ပြည်သူများဇဝေဇဝါဖြစ်စေရန် အစိုးရကို ဆဲဆိုတိုက်ခိုက်ဖို့ နိုင်ငံရေးလက်နက်အဖြစ်အသုံးပြုခဲ့ကြသဖြင့် ယခုကဲ့သို့ နှုတ်ထွက်ရခြင်းလည်းဖြစ်ကြောင်းပြောကြားထားသည်။
ကမ္ဘောဒီးယားဘက်ကအတည်ပြုထုတ်ပြန်ကြေငြာပြီးနောက် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက လာအိုနှင့်ဗီယက်နမ်မှ သက်ဆိုင်သည့် နိုင်ငံခြားရေးဝန်ကြီးများထံ စာပေးပို့ဆက်သွယ်အကြောင်းကြားခဲ့သည်ဟုလည်းသိရသည်။
CLV ဖွံ့ဖြိုးတိုးတက်ရေးတြိဂံဒေသဆိုသည်မှာစီးပွားရေး၊အခြေခံအဆောက်အဦ၊ကျန်းမာရေးစောင့်ရှောက်မှု၊ပညာရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်ရည်ရွယ်လျက်တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။
Source : ခမာတိုင်းမ်စ်

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
