ရန်ကုန် လက်လီဈေးကွက်တွင် အာလူးတပိဿာ ကျပ် ၁၀ ,၀၀၀ နီးပါးအထိ မြင့်တက်လာကြောင်း အိမ်ရှင်မများထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်တွင် တရုတ်အာလူး တပိဿာ ၈,၀၀၀ ကျပ်၊ ရှမ်းပြည်နယ် အောင်ပန်းဒေသထွက် အာလူး တပိဿာအမြင့်ဆုံးဈေး ၆,၅၀၀ ကျပ်အထိ ဈေးရှိနေပြီး ရန်ကုန်၏ အဆင့်မြင့်ဆုံး ကုန်စိမ်းဈေးဖြစ်သည့် တညင်းကုန်းဈေး၌ပင် အာလူးဆိုဒ်အကြီး တစ်ပိဿာ လျင် (၁၀၀၀၀) ကျပ် ဈေးရှိကြောင်း သိရသည်။
ရေကြီးမှုမတိုင်ခင် စက်တင်ဘာလ ပထမပတ်တွင် တရုတ်အာလူး တစ်ပိဿာ (၅,၀၀၀) ကျပ်၊ အောင်ပန်းအာလူး တစ်ပိဿာအမြင့်ဆုံး (၃,၅၀၀) ကျပ်သာရှိခဲ့ခြင်းဖြစ်သည်။
” အာလူးဝင်တဲ့ဒေသတွေကရေကြီးတော့ မလာနိုင်ကြဘူး။ ပြီးတော့ စိုက်ခင်းတွေလည်း အကုန်ပျက်ကုန်တယ်ကြားတယ်။ ဈေးတတ်တာကလည်း ရေကြီးတာကြောင့်ပါတယ်။ အဓိကလမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်ဖြစ်တာ” ဟု ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာသီးနှံ အာလူးကို တောင်ပေါ်၊ မြေပြန့်၌ တနှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ရှမ်းပြည်နယ်တွင် ၆၀ ရာခိုင်နှုန်းထိ အများဆုံး စိုက်ပျိုးကာ အောင်ပန်း၊ ပင်လောင်း၊ နောင်တရား၊ တီကျစ်၊ ပင်းတယ၊ ဟဲဟိုး စသည့်ဒေသများတွင် အဓိက စိုက်ပျိုးကြကြောင်း သိရသည်။
ယင်းဒေသများမှ ထွက်ရှိသည့် အာလူးများကို ရန်ကုန်အပါအဝင် ဒေသအနှံ့အပြားသို့ တင်ပို့ရောင်းချနေသော်လည်း ယခုအခါ ကားလမ်းများ ရေကျော်၍ လမ်း၊ တံတား ပျက်စီးမှုများလည်း ရှိခဲ့ခြင်းကြောင့် ကုန်စည်စီးဆင်းမှုပါ ယာယီရပ်တန့်သွားခဲ့ကာ ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
