၂၀၁၈ ခုနှစ်အတွင်းက အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် အနည်းငယ် ပိုမိုအားကောင်းလာသည်ဟု ဖေဖော်ဝါရီ ၆ ရက်က ထွက်ရှိလာသော အချက်အလက်များအရ သိရသည်။ သို့သော် ရွေးကောက်ပွဲနီးကပ်လာစဉ် နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးမှု ခုနစ်ရာခိုင်နှုန်းရှိစေရန် သမ္မတ ဂျိုကိုဝီဒိုဒို၏ ရည်မှန်းချက်ကို ပြည့်မီရေးမှာမူ များစွာလိုအပ်နေသေးသည်။
အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးသည် ၂၀၁၈ ခုနှစ်က ၅.၁၇ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ ယင်းသည် စီးပွားရေး ဖွံ့ဖြိုးမှု ၅.၁၀ ရာခိုင်နှုန်းရှိခဲ့သော ၂၀၁၇ ခုနှစ်ကထက် အခြေအနေကောင်းမွန်နေခြင်းဖြစ်ပြီး လေ့လာသူအများစု၏ ခန့်မှန်းမှု ထက်လည်း သာလွန်ခဲ့သည်။
ယခုကဲ့သို့ စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ပြည်တွင်းသုံးစွဲမှုကြောင့် ဖြစ်သည်ဟု စာရင်းအင်းဌာနက ဆိုသည်။ “ကမ္ဘာ့စီးပွားရေး မတည်မငြိမ်ဖြစ်နေပြီး ကုန်စျေးနှုန်းတွေ တက်လိုက်ကျလိုက်ဖြစ်နေချိန်မှာ ဒီတိုးတက်မှုဟာ အတော်အသင့်ရှိတဲ့ အောင်မြင်မှုတစ်ခုပါ” ဟု စာရင်းအင်းဌာနမှ အကြီးအကဲဆူဟာရီယန်တိုက ပြောကြားခဲ့ သည်။
သို့သော် ပြီးခဲ့သည့်လအတွင်းက အင်ဒိုနီးရှား၏ကုန်သွယ်ရေးလိုငွေပြမှုမှာ ပိုမိုကျယ်ပြန့်လာသည်ဟု အစီရင်ခံစာ ထွက်ရှိ ထားပြီး တစ်ဖက်တွင်လည်း ဇန်နဝါရီလအ တွင်း ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ ကျုံ့သွားသည်ဟု သိရသည်။ နှစ်တစ်နှစ်၏ ပထမ
ဆုံးအားလျော့ခြင်းဖြစ်သည့်ထိုဖြစ်စဉ်က ကုန်ထုတ်လုပ်ရေးပိုင်း၌ အရှိန်လျော့ကျလာသည်ကို ထင်ရှားစေခဲ့သည်။
“ကုန်ထုတ်လုပ်မှုအစား စားသုံးမှုကို အခြေခံထားတဲ့ အခုလိုမျိုးဖွံ့ဖြိုးမှုဟာ ရေရှည်မခံပါဘူး” ဟု ဂျကာတာအခြေစိုက် စီး ပွားရေးနှင့်ဘဏ္ဍာရေးဌာနမှ အမှုဆောင်ညွှန်ကြားရေးမှူး အန်နီသီရိဟာတာတီက ပြောကြားခဲ့သည်။
စားအုန်းဆီ၊ ကျောက်မီးသွေးအပါအဝင် အဓိကကုန်ပစ္စည်းတို့၏စျေးနှုန်း
ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်နေခြင်းက အင်ဒိုနီးရှား စီးပွားရေးကို ဖိစီးနေဖွယ်ရှိသည်ဟု Capital Economics လေ့လာရေးဌာနက ထုတ်ပြန်ခဲ့သည်။ “သက်ဝင်ထကြွမှုတွေဟာ လာမယ့်နှစ်မှာ ထပ်ပြီးအားနည်းနေလိမ့်ဦးမယ်။ အဓိကအချက်ကတော့ ပို့ကုန်ကဏ္ဍကြောင့် ဖြစ်နိုင်ခြေရှိနေပါတယ်” ဟု ထို ထုတ်ပြန်ချက်အတွင်း ဖော်ပြခဲ့သည်။
သမ္မတဝီဒိုဒို ရွေးကောက်ပွဲ ထပ်မံဝင်ပြိုင်ရန် လအနည်းငယ်အလိုတွင် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုအချက်အလက်များ ထွက်လာခြင်းဖြစ်သည်။ ဝီဒိုဒို ရွေးကောက်ပွဲ ပြန်လည်ဝင်ပြိုင်မည့်အရေးတွင် ၎င်း၏ စီးပွားရေးမှတ်တမ်းက ထိပ်ဆုံးအကြောင်းအရာထဲ၌ ပါဝင်နေသည်။
၂၀၁၄ ခုနှစ်က သမ္မတဖြစ်လာခဲ့သော ဝီဒိုဒိုသည် နှစ်စဉ်စီးပွားရေးတိုးတက်မှု ခုနစ်ရာခိုင်နှုန်းရှိစေရမည်ဟု ကတိပြုထားသည်။ ဝီဒိုဒို၏အစိုးရအဖွဲ့သည် အခြေခံအဆောက်အအုံဆိုင်ရာ တွန်းအားပေးမှုကြီးများ၊ စီးပွားရေးတိုးတက်စေရန်လှုံ့ဆော် ပေးသောအစီအစဉ်များ လုပ်ဆောင်ပေးနေသော်လည်း နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုသည် ငါးရာခိုင်နှုန်းဝန်းကျင်တွင်သာ တဝဲလည် လည်ဖြစ်နေသည်။ ထို့ပြင် အင်ဒိုနီးရှားသည် ရူပီယားငွေတန်ဖိုး အားနည်းနေခြင်းနှင့်လည်း ရင်ဆိုင်နေရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
