Top News

လူသားချင်း စာနာမှုအကူအညီပေးပို့မှုအား ဗင်နီဇွဲလားစစ်တပ်က ပိတ်ဆို့
24htopnews | September 21, 2024 6:12 PM CST

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်  ဟွမ်ဂွါအီဒိုသည် သမ္မတ နီကိုးလက်စ်မာဒူရို၏ အခွင့်အာဏာအား စိန်ခေါ်မှုကို အရှိန် မြှင့်တင်နေစဉ် ဗင်နီဇွဲလားသို့ လူသားချင်း စာနာမှုအကူအညီပေးပို့မည့် ကိုလံဘီယာ နှင့် နယ်စပ်ရှိ တံတားတစ်ခုကို ဗင်နီဇွဲလား စစ်တပ်က ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

မာဒူရိုက အာဏာကို ဆက်လက်ချုပ်ကိုင်နိုင်ရန် ထောက်ပံ့ပေးထားသော လက်နက်ကိုင်တပ်ဖွဲ့သည် အကူအညီပေးပို့မှုအား ပိတ်ဆို့၍ သတ်မှတ်စည်းကို မကျော်ရန် အတိုက်အခံလွှမ်းမိုးထားသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂွါအီဒိုက ဖေဖော်ဝါ ရီ ၅ ရက် အစောပိုင်း၌ သတိပေးခဲ့သည်။ အကူအညီများ မရရှိလျှင် ဗင်နီဇွဲလား၌ လူ ၃၀၀၀၀၀ အထိသည် သေဆုံးမှုကြုံရနိုင် ကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ကိုယ့်ကိုယ်ကိုယ် ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့သည့် ဂွါအီဒိုက အခိုင်အမာပြောပြခဲ့သည်။

လူသားချင်းစာနာမှု အကူအညီများသည် အမေရိကန်ဦးဆောင်၍ ကျူးကျော်ရန် ရှေ့ပြေးဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားလျက် မာဒူရိုက တစ်ဦးတလေမျှ နိုင်ငံထဲသို့ ဝင်ခွင့်ရမည်မဟုတ်ကြောင်း၊ ကျူးကျော်စစ်သားတစ်ဦးမျှ ဝင်ခွင့်ရမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဗင်နီဇွဲလားရှိ အူရီနာမြို့နှင့် ကိုလံဘီယာရှိ ကူကူတာမြို့တို့အား ချိတ်ဆက်ထားသည့် တီယန်ဒီတက်စ်တံတားသို့ ဦးတည်သော လမ်းကြောင်းကို ဗင်နီဇွဲလားစစ်သားများက လောင်စာတင်ကားတစ်စီးနှင့် ကြီးမားသော ကုန်သေတ္တာတို့ဖြင့် ပိတ်ဆို့ခဲ့ကြသည်။ ထိုတံတားသို့ ဖြတ်သန်းမှုကိုလည်း စစ်သားများက ပိတ်ဆို့ခဲ့ကြကြောင်း နယ်စပ်မြို့ တာချီရာမှ အတိုက်အခံ ဥပဒေပြုအမတ် ဖရန့်ကလင့်ဒူအာတီက ပြောကြားခဲ့သည်။

ထိုသို့အကူအညီပေးပို့ရန် အစီအစဉ်ကို ဗင်နီဇွဲလား၏ တရားဝင်ခေါင်းဆောင်အဖြစ် နိုင်ငံပေါင်း ၄၀ ခန့်မှ ထောက်ခံမှုရရှိ ထားသော ဂွါအီဒိုက ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ အသက် ၅၆ နှစ်ရှိ မာဒူရိုကမူ အမေရိကန်သည် အာဏာသိမ်းမှုတစ်ခုကို  လှုံ့ဆော်ပေးနေကြောင်း အကြိမ်ကြိမ်စွပ်စွဲခဲ့သည်။

မာဒူရိုအစိုးရက အစားအစာ ဝေပေးမှု အစီအစဉ်မှတစ်ဆင့် ၎င်းအား ထောက်ခံသူများကို ပေးဝေနိုင်ရန် ဗင်နီဇွဲလားစစ်တပ် သည် ကိုလံဘီယာ၊ ဘရာဇီးနှင့် အမည်မဖော်သော ကာရစ်ဘီယံကျွန်းစုနိုင်ငံ တစ်နိုင်ငံတို့၌ သိုလှောင်ထားသည့် အကူအညီများကို  လမ်းကြောင်းပြောင်းရန် စီစဉ်နေကြောင်း ဂွါအီဒိုက စွပ်စွဲခဲ့သည်။

ဂွါအီဒိုသည် မာဒူရိုအား ဖယ်ရှားနိုင်ရန်အတွက် စစ်တပ်က ၎င်းဘက်မှ ရပ်တည်ပေးရန် လိုအပ်မှုကို သိရှိထားသည်။ ဖေဖော်ဝါရီ ၂ ရက်တွင် ဗင်နီဇွဲလားလေတပ်မှ ထိပ်တန်းဗိုလ်ချုပ်တစ်ဦးက ဂွါအီဒိုအား ထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။ ဂွါအီဒိုဦးဆောင်  သော အမျိုးသားလွှတ်တော်က စစ်တပ်အနေဖြင့်  ပြည်သူများ သို့မဟုတ် ပြဿနာများအနက် တစ်ခုခုကို ရပ်တည်ရန် ဆုံး ဖြတ်ရမည်ဖြစ်ကြောင်း သတိပေးခဲ့သည်။

နိုင်ငံတွင်းဖြစ်ပေါ်နေသော အကျပ်အတည်းများအား ကြားဝင်ညှိနှိုင်းပေးရန်အတွက် ကူညီရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံ စာပေးပို့၍ တောင်းဆိုခဲ့ကြောင်းလည်း မာဒူရိုက ဖေဖော်ဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။


READ NEXT
Cancel OK