မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် အစီအစဉ်များသည် ပကတိအတိုင်း ဆက်ရှိနေဆဲဖြစ်ပြီး မြောက်ကိုရီးယားအစိုးရသည် ၎င်း၏လက်နက်များကို အမေရိကန်ဘက်မှ တိုက်ခိုက်လာနိုင်ခြေရှိမှုမှ ကာကွယ်ရန် လေဆိပ်နှင့် အခြားအဆောက် အအုံများကိုအသုံးပြုနေသည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့မှ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားခြင်းသည် ထိရောက်မှု မရှိကြောင်း၊ မြောက်ကိုရီးယားအစိုးရသည် လက်ရှိအချိန်အထိ ရေလမ်းမှတစ်ဆင့် ရေနံထွက်ကုန်များကို ရရှိနေဆဲ၊ ပိတ်ပင်ထားသော ကျောက်မီးသွေးများ
အား ရောင်းချနေဆဲ၊ လက်နက်ကုန်သွယ်မှု ပိတ်ပင်ခြင်းအား ချိုးဖောက်နေဆဲဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
“မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေဟာ နဂိုအတိုင်းပဲ ရှိပါသေးတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ တိုက်ခိုက်မှုရန်မှ ထိထိရောက်ရောက် ကာကွယ်ရန်အတွက် မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည်များအား တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်းတို့တွင် လေဆိပ်အပါအဝင် အရပ်ဘက်အဆောက်အအုံများအား အသုံးပြုနေသည်ကိုလည်း ကုလသမဂ္ဂမှ အဖွဲ့က တွေ့ရှိခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယခုလအတွင်းမှာပင် ခေါင်းဆောင် ကင်ဂျုံအွန်နှင့် ဒုတိယအကြိမ်ထိပ်သီးကျင်းပရန် ပြင်ဆင်နေစဉ် လျှို့ဝှက်အဆင့်ရှိသော ယခုအစီရင်ခံစာကို လုံခြုံရေးကောင်စီသို့ ပို့လိုက်ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ်အတွင်းက မြောက်ကိုရီးယား လုပ်ဆောင်ခဲ့သောနျူကလီးယားစမ်းသပ်မှုများ၊ ဒုံးကျည်ပစ်လွှတ်မှုများကို တုံ့ ပြန်ရေးအတွက် ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် တင်းကျပ်သော စီးပွားရေး ပိတ်ဆို့မှုများချမှတ်ရန် ထရန့်အစိုးရက ဦး ဆောင်ခဲ့သည်။သို့သော် မြောက်ကိုရီးယား သည် လက်နက်စနစ်များတည်ဆောက်ရန် ဝင်ငွေရရှိရေးအတွက် ရေနံ၊ လောင်စာ၊ ကျောက်မီးသွေးတို့ကို တရားမဝင်ရောင်းဝယ်ရန် ရေလမ်းကိုသုံးပြီး ကုလသမဂ္ဂ၏ပိတ်ဆို့မှုများကို ရှောင်လွဲခဲ့သည်။
“တရားမဝင် ရေနံတင်သွင်းမှု၊ ကျောက်မီးသွေးတင်ပို့မှုကအစ ငွေအမြောက်အမြားကို မြောက်ကိုရီးယားနိုင်ငံသားတွေက မှောင်ခိုခိုးထုတ်နေတာအထိ များပြားလှတဲ့ စည်း မျဉ်းချိုးဖောက်မှုတွေကို လုပ်ဆောင်ဖို့ မြောက်ကိုရီးယားဟာ ဆိပ်ကမ်းနဲ့ လေဆိပ် တွေကို အသုံးပြုနေတယ်လို့ အဖွဲ့ကတွေ့ရှိ ခဲ့ပါတယ်” ဟု အစီရင်ခံစာထဲတွင်ဖော်ပြခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည်လက်နက်ကုန်သွယ်မှု ပိတ်ပင်ထားခြင်းကို ဆက်တိုက်ချိုးဖောက်နေကြောင်းနှင့် ဆီးရီးယား၊ ယီမင်ရှိ ဟူသီသူပုန်များ၊ လစ်ဗျားနှင့်ဆူဒန်တို့သို့ လက်နက်အသေးစားများ တင်ပို့ရန် ကြိုးပမ်းနေကြောင်းလည်း သိရသည်။
“ငွေကြေးပိုင်းအရ အရေးယူပိတ်ဆို့မှုတွေထဲက အချို့ဟာ အကောင်အထည်ဖော်မှု အားအနည်းဆုံးနဲ့ ဖောက်ဖျက်ခံနေရဆဲ ဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။
မကြာမီ လုပ်ဆောင်တော့မည့် ထရန့် နှင့် ထိပ်သီးတွင် မြောက်ကိုရီးယားတို့သည် ပိတ်ဆို့မှုများမှ ကင်းလွတ်စေရန်အတွက် ၎င်းတို့၏ လက်နက်စီမံကိန်းများကို ဖျက်သိမ်းဖွယ် မရှိသော်လည်း လှုပ်ရှားမှုများကို လျှော့ချဖွယ်ရှိသည်ဟု အမေရိကန်ထောက် လှမ်းဌာန၏ သုံးသပ်ချက်ကဲ့သို့ပင် ကုလသမဂ္ဂအဖွဲ့၏ တွေ့ရှိချက်များကလည်း တစ်သဘောတည်း ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
