ပြည်နယ်အားကောင်းရေးမှ ပြည် ထောင်စုအားကောင်းရေးကို အခြေခံမူများ နှင့်အညီ တည်ဆောက်မည်ဖြစ်ကြောင်း အဖွဲ့ကိုးဖွဲ့က စက်တင်ဘာ ၁၉ ရက်၌ ထုတ်ပြန်သည်။
အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ သည့်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီပြည်အတိုင် ပင်ခံ ကောင်စီ(KSCC) ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊ အမျိုးသမီး များအဖွဲ့ချုပ်(မြန်မာနိုင်ငံ)(WLB)တို့ဖြစ်ကြောင်း သိရသည်။
ယင်းကြေညာချက်တွင် တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီများမှ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင်ညှိ နှိုင်းမှုများကို အကြိမ်ကြိမ်ကျင်းပခဲ့ကြောင်း၊ ယင်းညှိနှိုင်းမှုများမှတဆင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom –up Federalism)နှင့် စပ်လျဉ်းပြီးတိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်နယ်/ လူမျိုးကိုယ်စားပြုကောင်စီများ စုစုပေါင်းကိုးဖွဲ့မှ သဘောတူညီချက်များနှင့် ရှေ့ လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်နယ်အားကောင်းရေးကို ရှေ့ရှုသည့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ချဉ်းကပ်မှုဖြင့် တော်လှန်ရေးကာလ/ ကြားကာလမှစတင်၍ မိမိတို့ပြည်နယ်/ လူမျိုးကိုယ်စားပြု ကောင်စီများ၊ တိုင်း ရင်းသားခုခံ တော်လှန်ရေးအဖွဲ့အစည်းများမှ အတူတကွတည်ဆောက်မည်ဖြစ်ကြောင်း၊ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) ကို အခြေခံမူများနှင့်အညီ တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းတို့၏ထုတ်ပြန်မှု၌ ပါရှိသည်။
အဆိုပါ အခြေခံမူများမှာ အချုပ်အခြာ အာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များနှင့် ၎င်းပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူလူထုများ ဖြစ်ကြောင်း၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံကြောင်း၊အချုပ်အခြာအာဏာ (Sovereignty) ၊ သွေးစည်းညီညွှတ်မှု (Solidarity)၊ လူထုနှင့် အနီးကပ်ဆုံးအာဏာ(Subsidiarity)နှင့် အချိုးကျမှု (Proportionality) အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း တို့ဖြစ်သည်။
ပြည်နယ်အားကောင်းရေးမှ ပြည် ထောင် စုအားကောင်းရေးကို တော်လှန်ရေး အင်အားစုများအကြား ဆက်လက်ညှိနှိုင်း အကောင် အထည်ဖော်မည့် လုပ်ငန်းစဉ်များ ကိုလည်း ဆွေးနွေး ချမှတ်ခဲ့ကြောင်း၊ သို့ဖြစ်၍ အထက်ပါ သဘောတူညီချက်နှင့် လုပ်ငန်းစဉ် များကို မိမိတို့တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်နယ်^လူမျိုးကိုယ်စား ပြုကောင်စီများမှ အနာဂတ် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စု အားကောင်းရေး အတူတ ကွလက်တွဲအကောင်အထည် ဖော်ဆောင်မည် ဖြစ်ကြောင်းကြေညာချက်၌ဖော်ပြပါရှိ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
