အင်းစိန်မြို့နယ်၊ ဒညင်းကုန်းဂေါက်ကွင်းအနီးတွင် လမ်းဘေး၌ရပ်ထားသည့် လိုက်ထရပ်ယာဉ်အား ဘိလပ်မြေယာဉ်မှ တိုက်မိသဖြင့် ခြောက်ဦးဒဏ်ရာရရှိမှု စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၀ ရက်၊ ညနေ ၃ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်၊ ဒညင်းကုန်းဂေါက်ကွင်းအနီးတွင်ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် ပရဟိတအဖွဲ့များမှ သွားရောက်ခဲ့ကြောင်း သိရသည်။
"လမ်းဘေးမှာ ရပ်ထားတဲ့ လိုက်ထရပ်ကို ဘိလပ်မြေကားက ဝင်တိုက်တယ်လို့ သိရပါတယ်။အမျိုးသားခြောက်ဦးဒဏ်ရာရရှိခဲ့ပါတယ်"ဟု ဖြစ်စဉ်မှ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း (We Love Care)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လိုက်ထရပ်ယာဉ်ပေါ်မှ အမျိုးသားခြောက်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး စိုးရိမ်နာလူနာ မပါရှိကြောင်း သိရသည်။
"အနီရောင်အဆင့်(စိုးရိမ်ရ)လူနာတော့ မရှိပါဘူး။အရိုးကျိုးတဲ့လူနာတော့ ရှိပါတယ်"ဟု လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း (We Love Care)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း (We Love Care)၊ ကနောင်လူမှုကူညီမှုအသင်းနှင့် မာတာလူမှုကူညီမှုအသင်းတို့မှ ယာဉ်များဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
