မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ(၂၀)ရက် ညပိုင်းနှင့် စက်တင်ဘာ (၂၁)ရက် နံနက်ပိုင်းတို့တွင် နေအိမ်နှင့် လမ်းများပေါ်သို့ သစ်ပင်လဲကျမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။
ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်ရှိ နေအိမ်ခြံဝန်းအတွင်း သစ်ပင်လဲကျခြင်း၊ အမှတ်(၃) ရပ်ကွက်၊ ငှက်ပစ်တောင်ရပ်၊ ငှက်ပစ်တောင်ဘုရားကြီး အုတ်စောင်းပေါ်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။
အလားတူ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာ၊ ပုပ္ပါး -မြင်းခြံလမ်းဆုံ၊ မိုင်တိုင်အမှတ်(၄၀၀/၅)တွင် သစ်ပင်လဲကျမှုတို့ ဖြစ်ပွားခဲ့ခြင်းအား ညောင်းဦးမြို့နယ်မီးသတ်စခန်း၊ ပုဂံနယ်မြေမီးသတ်စခန်းနှင့် ပုပ္ပါးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်တင်ဘာ (၂၀)ရက်၊ ည(၈)နာရီ၊ မိနစ် (၄၀)အချိန် ခန့်က ညောင်ဦးမြို့၊ အမှတ်(၆)ရပ်ကွက်၊ အောင်မြေသာရပ်၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီးပေါ်တွင် ကားလမ်းမကြီးပေါ်တွင် မိုးရွာသွန်းမှုကြောင့် လုံးပတ်(၄) ပေပတ်လည်ခန့်၊ အမြင့်ပေ (၄၀)ခန့်ရှိ သက်တမ်းရင့် ထနောင်းပင်ကြီးမှာ အမြစ်မှ ကျွတ်ထွက်၍ လဲကျမှုဖြစ်ပွားခဲ့ရကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် လူ၊ ယာဉ်၊ တိရစ္ဆာန် ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း နေအိမ်အချို့နှင့် လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ်ရေးကြိုးများ တချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
