ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ရေဘေးသင့် ဒေသသို့ သွားရောက်လှူဒါန်းသည့် ရေဘေးအလှူကား(၁)စီး တိမ်းမှောက်မှု ယနေ့ နံနက်ပိုင်းက ထပ်မံဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်ကို တွေ့ရှိသူများထံမှ သိရသည်။
ယနေ့ စက်တင်ဘာ (၂၁)ရက် နံနက်ပိုင်း အချိန်က ရန်ကုန် – မန္တလေး အမြန်လမ်းတွင် ရေဘေးအလှူကား (၁)ဦးမှာ ကားတာယာပွင့်ထွက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
“အမြန်လမ်းး ကိုယ်တွေ ကားရှေ့မှာ ရေဘေးအလှူကား တာယာပွင့်ပြီး ကားမှောက်တာ”ဟု ဖြစ်စဉ်ကို တွေ့ရှိသူ ခရီးသွား တစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကို အမြန်လမ်း မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများ၊ နယ်မြေခံ လူမှုကယ်ဆယ်ရေးအဖွဲ့များ အနီးနားဝန်းကျင်ရှိသူများက သွားရောက်ကူညီခဲ့ကြော င်း သိရသည်။
“ကိုယ့်ကားကျန်းမာရေး ဂရုစိုက်စစ်ဆေးပြီးမှ ထွက်ကြပါ။ တာယာ/အောက်ပိုင်း သေချာစစ်ပြီးမှ သွားသင့်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုထားသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ယာဉ်မှာ ပျက်စီးမှုတချို့ ရှိခဲ့ကြောင်း သိရသည်။
လက်ရှိ နိုင်ငံတစ်ဝန်းမှ အလှူရှင်များအနေဖြင့် ရေဘေးသင့်ဒေသများသို့ ပုံစံအမျိုးမျိုးဖြင့် ထောက်ပံ့ပစ္စည်းများ သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ရေဘေး အလှူကား တိမ်းမှောက်မှု ဖြစ်စဉ်များတွင် ရမည်းသင်းမြို့နယ်တွင် တစ်ကြိမ်၊ ဖြူးမြိူ့နယ်တွင် တစ်ကြိမ်နှင့် တပ်ကုန်းမြို့ အနောက်ဘက် တောင်ပတ်လမ်းတွင် တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုနှင့် အသက်ဆုံးရှုံးမှု မရှိကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
