ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ တာချီလိတ်- မယ်ဆိုင်ချောင်းဘေးရှိ ကျူးကျော်အဆောက်အအုံများအား တာချီလိတ်မြို့ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံတာဝန်ရှိသူများ ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့လည်ပိုင်းက ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်နှင့်အဖွဲ့ဝင်များနှင့် ထိုင်းတပ်မတော် နယ်စပ်ရေးရာဌာန၊ ဌာနမှူး ဒု-ဗိုလ်ချုပ်ကြီး နတ္တဖုံး ဖလောင်ကျောက်နှင့်အဖွဲ့ဝင်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် ရေကြီးရေလျှံမှုများလျော့ချနိုင်ရန် ထိုင်းနိုင်ငံ၊မယ်ဆိုင်မြို့ရှိ အကောက်ခွန်ရုံး၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံဘက်သို့ကျူးကျော်ထားသည့် RC (၂)ထပ်၊ RC (၁)ထပ်အဆောက်အဦး၊ သစ်သားအိမ်၊ ဂိုဒေါင် စုစုပေါင်း (၈)ခု၊ အဆောက်အဦနံရံနှင့် အဆောက်အအုံ နောက်ဖက်ပိုင်း(၅)ခု၊ အုတ်တံတိုင်းနှင့် အုတ်နံရံ (၁၆)ခု၊ အိမ်သာ၊ ရေတင်စင်၊ ဆီသိုလှောင်ကန်ပေါင်း(၄)ခုရှိကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံဖက်မှ တာချီလိတ်မြို့ဘက်သို့ကျူးကျော်ထားသည့် အုတ်တံတိုင်း(၃)ခု၊ စက်ရုံ အဆောက်အအုံ(၂)ခု၊ ရေတိုင်ကီ(၁)ခု၊ဘုန်းကြီး ကျောင်းနံရံ(၁)ခု၊ ဘုန်းကြီးကျောင်းအိမ်သာ(၁) ခု၊ တိုက်အိမ်(၂)အိမ်၊ မျောက်ခြံအဆောက်အအုံ (၁)ခု၊ building brick (၁၉)ခု၊ wall brick (၁၁)ခု၊ rich mill (၁)ခု ၊ building number 646 (၁)ခု၊building wood (၂)ခုတို့ရှိကြောင်း သိရသည်။
နှစ်နိုင်ငံတာဝန်ရှိသူများက ယင်း ကျူးကျော်အဆောက်အုံများအား တာချီလိတ်မြို့မှတာဝန်ရှိသူများနှင့် မယ်ဆိုင်မြို့မှတာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဝင်များက အမြန်ဆုံးရှင်းလင်းသွားကြရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
