မြန်မာနိုင်ငံတဝှမ်း ဖြစ်ပွားနေသည့် ရေဘေးကြောင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရန် ရန်ပုံငွေ မလုံလောက်သောကြောင့် OCHA နှင့်အတူ လူသားချင်းစာနာမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး (Humanitarian Coordinator a.i.) တို့ ထပ်တိုးရန်ပုံငွေရရှိရေး အားစိုက်ကြိုးပမ်းလျက်ရှိကြောင်း UNOCHA Myanmar ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး စီမံကိန်း လိုအပ်ချက်၏ (၂၇) ရာခိုင်နှုန်းမျှသာ ရန်ပုံငွေ ရရှိထားရာ မလုံလောက်သောကြောင့် လက်ရှိဆောင်ရွက်နေသည့် ရေဘေးတုံ့ပြန်ရေး လုပ်ငန်းများကို လျင်မြန်စွာ တိုးမြှင့်လုပ်ဆောင်နိုင်ရန် ထပ်တိုးရန်ပုံငွေများရရှိရေး အားစိုက် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်သည်။
ထို့ပြင် အရေးပေါ် ကယ်ဆယ်ရေး ယာယီ ညှိနှိုင်းရေးမှူး (Emergency Relief Coordinator a.i.) သည် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် စတင်နိုင်ရန် အရေးပေါ်တုံ့ပြန်ရေး ဗဟို ရန်ပုံငွေ (CERF) မှ အမေရိကန်ဒေါ်လာ (၄)သန်း ခွဲဝေချထားပေးရန် ခွင့်ပြုပေးခဲ့ကြောင်း ဆိုသည်။
မြန်မာနိုင်ငံတဝှမ်း ယာဂီမုန်တိုင်းအရှိန်ကြောင့် လျှပ်တပြက် ရေကြီးပြီး (၁၀)ရက်အကြာ ပဲခူး၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်း၊ ရှမ်း အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ (၆၅) မြို့နယ်တွင် နေရပ်စွန့်ခွာသူများ အပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း UNOCHA Myanmar က ယနေ့ စက်တင်ဘာ(၂၁)ရက်က ထုတ်ပြန်သည်။
လက်ရှိအချိန်ထိ အသက်ဆုံးရှုံးသူပေါင်း (၃၀၀) ကျော်၊ ထိခိုက်ဒဏ်ရာရ (၁၀၀) ကျော်ရှိကြောင်းနှင့် ထိခိုက်မှု အကြီးမားဆုံးနေရာများတွင် နေအိမ်များ၊ အိမ်သုံးပစ္စည်းများ၊ ရေအရင်းမြစ်များနှင့် လျှပ်စစ်ဓါတ်အားလိုင်းများ ပျက်စီးမှုများပြားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ပြင် လမ်းများ၊ တံတားများ၊ ဆက်သွယ်ရေး ကွန်ယက်များ၊ ကျောင်းများ၊ ပြည်သူ့ ဝန်ဆောင်မှု အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများအပြင် ကောက်ပဲသီးနှံနှင့် လယ်မြေများလည်း ထိခိုက်မှုများပြားပြီး၊ အလုံးစုံပျက်စီးခြင်းများလည်း ရှိခဲ့ကြောင်း ဆိုသည်။
ထို့ကြောင့် ရေးဘေးသင့် မြို့နယ်များရှိ ပြည်သူများထံ အရေးပါသည့် အထောက်အပံ့များ ပေးအပ်နိုင်ရေး ကနဦး တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ သောက်ရေ၊ စားနပ်ရိက္ခာ၊ အခြေခံ ဆေးဝါး၊ အိမ်သုံး ပစ္စည်းများ၊ အဝတ်အထည်၊ အမိုးအကာ နှင့် အရေးပေါ် ကြိုတင်ပြင်ဆင်ရေး အသက်ကယ်ပစ္စည်းများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရေဘေးသင့် ဒေသများရှိ ရေဘေးဒဏ်ခံရသူများ၏ လိုအပ်ချက်များကို ထိရောက်စွာ တုံ့ပြန် ကူညီပေးနိုင်ရန် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများတွင် ရန်ပုံငွေနှင့် ရေဘေးသင့်ရာ ဒေသများသို့ အကန့်အသတ်မရှိဘဲ သွားလာခွင့်များ ရရှိရန်လည်း အရေးကြီးကြောင်း UNOCHA Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
