နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်(၉)ခု ၌ဖြစ်ပွားခဲ့သည့် ရေဘေးကြောင့်ပျက်စီးဆုံးရှုံးမှုများအတွက် ရေဘေးကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရမှ ငွေကျပ်ဘီလီယံ ၃၀ သုံးစွဲသွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
၎င်းက ယနေ့ စက်တင်ဘာ ၂၁ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မြို့တော်ခန်းမ၌ကျင်းပသည့် ရေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်ပေါ်ခဲ့သောမုန်တိုင်းသည် အလွန်အင် အားပြင်းထန်သည့်မုန်တိုင်းတစ်ခုဖြစ်ပြီး ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့ကာ ရေဘေးကြုံတွေ့ ခဲ့ရသည့်ဒေသများတွင် လွန်ခဲ့သောနှစ်ပေါင်း (၅၀)အတွင်း ယခုကဲ့သို့ဆိုးရွားသည့်အခြေအနေမကြုံတွေ့ခဲ့ရဟု ပြောသည်။
ထိုသို့ ဖြစ်ပေါ်ခဲ့သည့် ရေဘေးအန္တရာယ်ကြောင့် ဆုံးရှုံးခဲ့ရမှုများနှင့်ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသူများအား အလှူရှင်များက ဝိုင်းဝန်း၍လှူဒါန်းခြင်း၊ ကူညီကယ်ဆယ်ခြင်းများကို အဆက်မပြတ်ဆောင်ရွက်နေကြသည်ဟု ပြောသည်။
” ရေဘေးသင့်ပြည်သူတွေဟာ ရေရုတ်တရက်စီးဆင်းလာချိန်မှာ ရရာပစ္စည်းတွေကိုယူဆောင်လာကြရတာကြောင့် အခက်အခဲများစွာရှိနေကြပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ရေဘေးကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ငွေကျပ်ဘီလီယံ ၃၀ သုံးစွဲသွားမှာပါ”ဟု ၎င်းကဆိုသည်။
ထို့ပြင် ယခုလှူဒါန်းသည့် စေတနာရှင်၊ အလှူရှင်များ၏ အလှူငွေများဖြင့်လည်းဆောင်ရွက်သွားမည်ဖြစ်ကာ သဘာဝဘေးဒဏ်ဖြစ်ပွားပြီးပါက အမြန်ဆုံးပြန်လည်ထူထောင်မှုပြုရန် လိုအပ်မည်ဖြစ်၍ မိမိအပါအဝင် အစိုးရတာဝန်ရှိသူများက သဘာဝဘေးဒဏ်ဖြစ်ပေါ်ခဲ့သည့်နေရာများသို့သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်မှုများပြုလုပ်လျက်ရှိသည်ဟု ပြောသည်။
“စုပေါင်းအားနဲ့ ကျွန်တော်တို့ ကျော်လွှားရမှာဖြစ်ပါတယ်၊ ဒီနေ့ အလှူရှင်တွေလှူတဲ့ပိုက်ဆံက ၃၂ ဘီလီယံကျော်ဟာ နည်းတဲ့ပိုက်ဆံမဟုတ်ပါဘူး၊ ကျွန်တော်တော်တော်ကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း ငွေသုံးရတာနဲ့ပတ်သက်လို့ရှိရင် အရမ်းသုံးလို့လည်းမရပါဘူး အရမ်းသုံးလို့ရှိရင် ဘတ်ဂျက်မှာလည်းသွားပြီးတော့ အများကြီးစကားပြောပါတယ်။ ဒါကြောင့် ဒီနေ့လှူဒါန်းတဲ့ဟာက နိုင်ငံရဲ့ဝန်တစ်ခုကို တစ်စိတ်တစ်ဝိုင်းတာဝန်ယူပေးလိုက်တာလည်းဖြစ်ပါတယ်။ ကျွန်တော်မှတ်ထားပါမယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။
ထို့ကြောင့် စေတနာရှင်၊ အလှူရှင်များအနေဖြင့် နောင်တွင်လည်း တိုင်းပြည်၏လိုအပ်ချက်များရှိလာချိန်၌ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
