ဆိုးလ်၊စက်တင်ဘာ ၂၁
ဆန္ဒပြမှု၌မပါဝင်သည့် လုပ်ဖော်ကိုင်ဖက်များကို အမည်ပျက်စာရင်းသွင်းထုတ်ပြန်ခဲ့သည့်အတွက် သင်တန်းသားဆရာဝန်တစ်ဦးကို တောင်ကိုရီးယားအစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မီဒီယာများနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်များအရသိရသည်။
ယခုကဲ့သို့ ဖမ်းဆီးမှုသည် ဆရာဝန်များနှင့်အစိုးရအကြား ပြသနာဖြစ်ပွားနေပြီး ခြောက်လတာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အဆိုပါဆန္ဒထုတ်ဖော်မှုကြောင့် ဆရာဝန်အင်အားမလုံလောက်ဘဲ အရေးကြီးလူနာအချို့ေ-သဆုံးမှုများရှိခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့်ဆရာဝန်သည် ဆန္ဒပြမှု၌မပါဝင်သူများနှင့်လုပ်ငန်းခွင်ပြန်ဝင်သွားသည့် လုပ်ဖော်ကိုင်ဖက်များ၏ အမည်များနှင့်ကိုယ်ရေးကိုယ်တာအချက်အလက်များကို တယ်လီဂရမ်ကဲ့သို့သော လူမှုကွန်ရက်များတွင် ထပ်တလဲလဲဖြန့်ဝေခဲ့မှုကြောင့် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။
တောင်ကိုရီးယားနိုင်ငံဆရာဝန်များအသင်းအကြီးအကဲကမူ ဖမ်းဆီးခံသင်တန်းသားဆရာဝန်ကို ရဲစခန်း၌ သွားရောက်တွေ့ဆုံကာ ယခုပြဿနာသည် နှစ်ဦးနှစ်ဖက်လုံး၌အပြစ်မရှိဘဲ အစိုးရ၏တာဝန်သာဖြစ်ကြောင်းပြောကြားခဲ့ပြီး အမည်စာရင်းထုတ်ပြန်သူရော ထုတ်ပြန်ခံရသူဆရာဝန်များပါ နစ်နာသူများသာဖြစ်သည်ဟုဆိုခဲ့သည်။
ယခုဖမ်းဆီးထိန်းသိမ်းခံရသူဆရာဝန်သည် လုပ်ငန်းခွင်ပြန်ဝင်သွားသည့် လုပ်ဖော်ကိုင်ဖက်များနှင့်ဆန္ဒပြမှုတွင်ပူးပေါင်းခြင်းမရှိသည့်ဆရာဝန်များ၏ အမည်၊ဖုန်းနံပါတ်နှင့်မိခင်တက္ကသိုလ် စသဖြင့် ကိုယ်ရေးအချက်များကို ခွင့်ပြုချက်မရှိ ဘဲ မျှဝေခြင်းကြောင့် ခြေရာခံမှုဖြင့်စွဲချက်တင်ခံထားရခြင်းလည်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံ၏ ဆရာဝန်အင်အားလိုအပ်ချက်အရ ဆေးကျောင်းဝင်ခွင့် စည်းမျဥ်းများ ကို လျှော့ ပေါ့ကာ ေကျာင်းသား များကို တိုးမြှင့်လက်ခံသော အစိုးရ၏အစီအစဉ်ကို လက်မခံနိုင်သည့် သင်တန်းသားဆရာဝန်များသည် ဖေဖော်ဝါရီလကတည်းက လုပ်ငန်းခွင်မှ ထွက်ကာ ဆန္ဒထုတ်ဖော်နေကြခြင်းလည်းဖြစ်သည်။
Source : အေအက်ဖ်ပီ/ဒီဝိုင်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
