Top News

ဝက်တုပ်ကွေး ဖြစ်ပွားနေသောဝက်ကို တွေ့ရှိခဲ့ပြီးနောက် ဟောင်ကောင်က ဝက် ၆၀၀၀ ကို သုတ်သင်မည်
24htopnews | September 22, 2024 4:12 AM CST

တရုတ်နယ်စပ်အနီး ဝက်သတ်ရုံရှိ ဝက်တစ်ကောင်တွင် အာဖရိက ဝက်တုပ်ကွေးကို တွေ့ရှိခဲ့ပြီးနောက် ဟောင်ကောင်က ဝက်အကောင်ရေ ၆၀၀၀ ကိုသုတ်သင်မည်ဖြစ်သည်။ လူဦးရေသိပ်သည်းသောဘဏ္ဍာရေး ဆုံချက် ဟောင်ကောင်တွင် ပထမဦးဆုံး ဝက်တုပ်ကွေးဖြစ်လာခဲ့သည်။ “ဝက်သတ်ရုံကနေ ပြန့်ပွားလာမယ့် အာဖရိက ဝက်တုပ်ကွေး အန္တရာယ်အနည်းဆုံးဖြစ်သွားစေဖို့ သန့်ရှင်းရေးလုပ်တာ၊ ပိုးသတ်ဆေးဖြန်းတာ တို့ကိုလုပ်ဆောင်တာကနေ ရှောင်းရွှီဝက်သတ်ရုံက ဝက်အားလုံးကို သုတ်သင်ပစ်မှာ ဖြစ်ပါတယ်” ဟုဟောင်ကောင် အစားအစာ နှင့် ကျန်းမာရေးဌာနအတွင်းဝန် ဆိုဖီယာချန်းက မေ ၁၀ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ အာဖရိက ဝက်တုပ်ကွေးဖြစ်ပွားနေသော ဝက်ကို တရုတ်ပြည်မကြီး တောင်ပိုင်း ကွမ်တုံပြည်နယ်ရှိ မွေးမြူရေးခြံမှ တင်သွင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ ဝက်သားသည် တရုတ် ပင်တိုင်ဟင်းလျားဖြစ်ပြီး ဟောင်ကောင်ဒေသတွင် မွေးမြူရေးခြံများမှ ဝက်ကောင်ရေ ၂၀၀ နီးပါးနှင့်အတူ တရုတ်မှ ဝက် ၄၀၀၀ ဝန်းကျင်ကို ဟောင်ကောင်မှ နေ့စဉ် တင်သွင်းနေရသည်။ လွန်ခဲ့သောနှစ်တွင် တရုတ်ပြည်နယ်ထက်ဝက်ကျော်၌  အာဖရိက ဝက်တုပ်ကွေး ပျံ့နှံ့ခဲ့ပြီးနောက် တုပ်ကွေး ဗိုင်းရပ်စ်ဖြစ်ပွားနေသော တရုတ်မွေးမြူရေးခြံများမှ ဝက်တင်သွင်းခွင့်ကိုဟောင်ကောင် က ပိတ်ပင်ခဲ့သည်။ ထို့အပြင် ရောဂါဖြစ်ပွားလျက်ရှိသောနေရာမှ ဝက်များကိုလည်း နေရာပြောင်းရွှေ့ခြင်းမပြုရန် ကန့်သတ် ချက်များကို ထုတ်ပြန်ခဲ့သည်။

 


READ NEXT
Cancel OK