အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားက ၂၀၁၂ ခုနှစ်တွင် ပြန်လည်ရွေးကောက်ခံရရန် ကြိုးပမ်းစဉ် ၎င်းထံ အလှူငွေ တရားမဝင်ထည့်ဝင်မှုအတွက် ဟစ်ဟော့ပ်အဖွဲ့ Fugees ထူထောင်သူတစ်ဦးနှင့် မလေးရှား လုပ်ငန်းရှင်တစ်ဦးတို့သည် စွဲချက်တင်ခံခဲ့ရသည်။ အသက် ၄၆ နှစ်ရှိ ဟေတီ-အမေရိကန် ရက်ပ်အဆိုတော် ပရာ ကစ်ရယ်ပရက်စ်မီချယ်နှင့် အသက် ၃၇ နှစ်ရှိ လိုတက်ဂျိုးတို့သည် လျှို့ဝှက်ပူးပေါင်း ကြံစည်မှုနှင့် အခြားစွဲချက်များ စွဲဆိုခံထားရကြောင်း မေ ၁၀ ရက်၌ ထုတ်ပြန်ခဲ့သော စွဲချက်များတွင် ဖော်ပြခဲ့သည်။
ဂျိုလိုးဟုလည်း သိသော လိုးသည် မလေးရှားနိုင်ငံရေးနှင့် ဘဏ္ဍာရေးလောကကို ရိုက်ခတ်စေခဲ့သည့် 1MDB အရှုပ်တော်ပုံတွင် အဓိက ကျသူတစ်ဦးဖြစ်ခဲ့သည်။
ထုတ်ပြန်ခဲ့သော စွဲချက်များတွင် အလှူငွေ ရရှိသူသည် မည်သူမည်ဝါဖြစ်ကြောင်း မဖော်ပြခဲ့ဘဲ ကိုယ်စားလှယ်လောင်း (က) အဖြစ်သာ ရည်ညွှန်းခဲ့သည်။ သို့သော် ထို ကိုယ်စားလှယ်လောင်းသည် အိုဘားမားဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆခံထားရသည်။
လိုးသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ငွေအမြောက်အမြားကို လျှို့ဝှက် ကဲ့ထုတ်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် ဇွန်နှင့် နိုဝင်ဘာအကြား ဒေါ်လာ ၂၁.၆ သန်းကို မီချယ်ထံ လွှဲပေးခဲ့ကြောင်း စွဲချက်များတွင် ဖော်ပြခဲ့သည်။ မီချယ်က ယင်းငွေများအနက် ဒေါ်လာ ၈၆၅၀၀၀ ကို လူ ၂၀ ခန့်ကို ခွဲပေး၍ ၎င်းတို့၏ အမည်များဖြင့် သမ္မတ ကိုယ်စားလှယ်လောင်း ပူးတွဲ ရန်ပုံငွေကော်မတီထံ ထည့်ဝင်စေခဲ့သည်။
အမှီအခိုကင်းသော ကော်မတီတစ်ခုထံ ကဲ့ဝှက်၍ ပေးပို့ခဲ့သည်ဆိုသော ဒေါ်လာတစ်သန်းကျော်သည်လည်း ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည်။ ထို လျှို့ဝှက်ပူးပေါင်းကြံစည်မှု၏ ရည်ရွယ်ချက်မှာ မီချယ်နှင့် ဂျိုလိုးတို့သည် ကိုယ်စားလှယ်လောင်း (က) နှင့် ၎င်း၏ အစိုးရအဖွဲ့ထံ ဝင်ရောက်ခွင့်ရရှိရန် နှင့် အလားအလာရှိသော သြဇာလွှမ်းမိုးရန် ဖြစ်ကြောင်း စွဲချက်၌ ဖော်ပြထားသည်။
ကိုယ်စားလှယ်လောင်း (က) နှင့် ၎င်း၏ အစိုးရအဖွဲ့ထံ ဝင်ရောက်မှု တိုးမြှင့်ရရှိရန်နှင့် သြဇာလွှမ်းမိုးနိုင်ရန် ဂျိုလိုးသည် အိမ်ဖြူတော်တွင် ကိုယ်စားလှယ်လောင်း (က) ၏ အခမ်းအနားများကို တက်ရောက်ခြင်း သို့မဟုတ် ၎င်း၏ တွဲဖက်များအား တက်ရောက်နိုင်ရန် စီစဉ်ပေးခြင်း လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်မှုများကို နိုင်ငံခြားသားများ၏ ထည့်ဝင်မှုသည် တရားမဝင်ပေ။ မီချယ်နှင့် လိုးတို့သည် ၎င်းတို့၏ အစီအစဉ်များကို အိုဘားမားနှင့် ၎င်း၏ မဲဆွယ်အဖွဲ့ မသိရှိစေရန် ဖုံးကွယ်ထားကြောင်း စွဲချက်၌ ဖော်ပြခဲ့သည်။
မေ ၁၀ ရက်တွင် ၀ါရှင်တန်ရှိ တရားရုံးသို့ လာရောက်ခဲ့သည့် မီချယ်က စွဲချက်များတွင် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။ လွတ်မြောက်နေဆဲဖြစ်ပြီး မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရသေးသည့် လိုးသည် အပြစ်ကင်းကြောင်း၊ အမေရိကန် ဥပဒေအရ သူသည် အပြစ်ကင်းသည်ဟု ယူဆကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဒေါ်လာဘီလျံများစွာအား ငွေကြေးခဝါချရန် လျှို့ဝှက်ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခံရသည့် 1MDB အရှုပ်တော်ပုံနှင့် ဆက်နွှယ်၍ လိုးသည် နယူးယောက်တွင် တရားစွဲခံထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
