ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံး တရုတ်ထံမှ ကျန်ရှိသော သွင်းကုန်အားလုံးကို စည်းကြပ်ခွန်များ ချမှတ်မှုအား တိုးမြှင့်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၁၀ ရက်တွင် ညွှန်ကြားခဲ့သည်။ တရုတ်ကမူ ထိုပြဿနာအား ဖြေရှင်းနိုင်ရန် ဆွေးနွေးမှု ဆက်လက်လုပ်ဆောင် သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ဒေါ်လာဘီလျံ ၃၀၀ နီးပါးတန်ဖိုးရှိ တရုတ်ထံမှ ကျန်ရှိသွင်းကုန် အားလုံးကို စည်းကြပ်ခွန် တိုးမြှင့်ရန်အတွက် စတင်လုပ်ဆောင်ရန် သမ္မတက ညွှန်ကြားခဲ့ကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုင်သီဇာက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပေကျင်းသည် ပေးထားသော ကတိများအား ပျက်ကွက်နေကြောင်း ထရန့်အစိုးရက စွပ်စွဲခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဒေါ်လာဘီလျံ ၂၀၀ တန်ဖိုးရှိ တရုတ်သွင်းကုန်များအား စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ အမေရိကန်က တိုးမြှင့်ခဲ့ပြီးနောက် ၂၄ နာရီပင် မပြည့်မီ တရုတ်သွင်းကုန် အားလုံးကို စည်းကြပ်ခွန်တိုးမြှင့်ရန် ထရန့်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုစည်းကြပ်ခွန်များ တိုးမြှင့်မှုသည် လပေါင်းများစွာ သက်ဝင်မှု မရှိနိုင်သေးဟု ယူဆရသည်။
အမေရိကန်၏ မည်သည့်စည်းကြပ်ခွန် တိုးမြှင့်မှုကိုမဆို ပေကျင်းက တုံ့ပြန်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင်ပင်း၏ လက်ထောက် ဒုတိယဝန်ကြီးချုပ်လျူဟဲက အစောပိုင်းတွင် သတိပေးခဲ့သည်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် ၀ါရှင်တန်တွင် နှစ်ရက်ကြာ ဆွေးနွေးပွဲများသည် သဘောတူညီချက် မရဘဲ မေ ၁၀ ရက်တွင် ပြီးဆုံးခဲ့ပြီး နောက်ထရန့်၏ ညွှန်ကြားချက် ထွက်လာခဲ့ခြင်း ဖြစ်သည်။
သဘောကွဲလွဲချက်သုံးခု နှစ်ရက်ကြာ ဆွေးနွေးမှုအတွင်း အမေရိကန်နှင့် တရုတ်တို့သည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးကို ပွင့်ပွင့်လင်းလင်းနှင့် အပြုသဘော ဆွေးနွေးခဲ့ကြကြောင်း ထရန့်က Twitter တွင် ရေးသားခဲ့သည်။ တရုတ်သမ္မတ ရှီကျင်ပင်းနှင့် ၎င်းတို့အကြား ဆက်ဆံရေးသည် အလွန်အမင်း ခိုင်မာနေဆဲဖြစ်ပြီး အနာဂတ်တွင် ဆွေးနွေးမှု ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တရုတ်အား စည်းကြပ်ခွန်များ ချမှတ်မှုကို ဖယ်ရှားပေး၊ မပေးသည် အနာဂတ် ဆွေးနွေးမှုများအပေါ် မူတည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဘက်စလုံးသည် မသတ်မှတ်ရသေးသည့် နေ့ရက်တစ်ရက်တွင် ပေကျင်း၌ ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း၊ သို့သော် တရုတ်သည် အရေးပါသော မူဘောင်များတွင် အလျှော့ပေးမည် မဟုတ်ကြောင်းလျူက ပြောကြားခဲ့သည်။
မေ ၁၀ ရက်တွင် လျူနှင့် နှစ်နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့သော လိုင်သီဇာနှင့် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး စတိဗင်အမ်နူချင်တို့သည် ထရန့်ကို အစီရင်ခံရန် အိမ်ဖြူတော်သို့ သွားရောက်ခဲ့သည်။ ထရန့်က သူသည် သဘောတူညီချက် ရရှိရန် အလျင်မလိုဘဲ အမေရိကန်သည် အားကောင်းသည့် အနေအထားဖြင့် ဆွေးနွေးနေကြောင်းလည်း ပြောကြားခဲ့သည်။
သဘောတူညီချက်ရရှိလျှင် စည်းကြပ်ခွန်များ ချမှတ်ထားမှု အားလုံးကို ဖယ်ရှားပေး၊ မပေး၊ တရုတ်က အမေရိကန် ကုန်ပစ္စည်းများအား ဝယ်ယူရမည့် အသေးစိတ်ပမာဏ၊ နှစ်ဖက်မျှသော သဘောတူညီချက်စာသား စသည့်ကဏ္ဍ သုံးခုတွင် သဘောထားကွဲလွဲမှု ရှိနေကြောင်း လျူက ထောက်ပြခဲ့သည်။
ထရန့်၏ ရုတ်တရက် တင်းမာသော ရပ်တည်ချက်များသည် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲနှင့် ဆက်နွှယ်ဖွယ်ရှိကြောင်း ရှန်ဟိုင်းရှိ First Seafront Fund Management မှ ဘောဂဗေဒ ပညာရှင် ယန်တီလုံက သုံးသပ်ခဲ့သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
