ပြီးခဲ့သည်လတွင် မီးလောင်ကျွမ်းခဲ့ပြီး ကြီးမားသည့်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် ပါရီ၏ နာမည်ကျော် နော်တာဒိန်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးကို ငါးနှစ်အတွင်း ပြန်လည်ပြင်ဆင် မွမ်းမံမှုများ လုပ်ဆောင်ရန်အတွက် အငြင်းပွားဖွယ် ဥပဒေမူကြမ်း တစ်ခုကို ပြင်သစ်ဥပဒေပြု အမတ်များက မေ ၁၀ ရက်တွင် အတည်ပြုခဲ့သည်။
ဧပြီ ၁၅ ရက် မီးလောင်ကျွမ်းမှုတွင် သစ်သားခေါင်မိုးများ အကြီးအကျယ် ပျက်စီးခဲ့သည် သက်တမ်းနှစ် ၈၅၀ ရှိသည့် ဥရောပ အလယ်ခေတ် ဗိသုကာပညာလက်ရာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတော်ကြီးကို ပြန်လည်ပြင်ဆင် မွမ်းမံမှုသည် အစိုးရအတွက် မကြုံစဖူး စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။ အစိုးရသည် ကြီးမားသည့် စီမံကိန်းအား စီမံခန့်ခွဲရန်အတွက် အထူးဥပဒေ မူကြမ်းတစ်ခုကို ရေးဆွဲခဲ့ရသည်။
ပြင်သစ်၏ အထင်ကရ အမွေအနှစ် တစ်ခုဖြစ်သည့် ရှေးဟောင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် မီးလောင်မှုဖြစ်သည့် ဓာတ်ပုံများက ပြင်သစ်တွင်သာမက ကမ္ဘာတစ်ဝန်းကိုပါ တုန်လှုပ်ချောက်ချားမှု ဖြစ်စေခဲ့သည်။
မီးလောင်မှုဖြစ်ပြီး ရက်အနည်းငယ်အကြာတွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ယင်းဘုရားရှိခိုးကျောင်း ပြန်လည်ပြင်ဆင် မွမ်းမံမှုကို ငါးနှစ်အတွင်း ပြီးစီးအောင် လုပ်ဆောင်ရန် သတ်မှတ်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် အိုလံပစ် အားကစားပွဲတော်ကို ပါရီက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အချိန်တွင် အသင့်ဖြစ်နေသင့်သည်ဟု ဆိုလိုသည့် သဘောဖြစ်သည်။
သို့သော် တည်ဆောက်ရေး လုပ်ငန်းစဉ်များ မြန်မြန်ဆန်ဆန်လုပ်ဆောင်ရန်ရည် ရွယ်သည့် ဥပဒေပြဋ္ဌာန်းမှုတွင် ရှေးဟောင်း အဆောက်အအုံကို ကာကွယ်စောင့်ရှောက်သည့် ကြိုးနီစနစ်အချို့ကို ဖယ်ရှားမှုပါဝင် နေသောကြောင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့သည်။ ၁၃ နာရီကြာ ငြင်းခုံဆွေးနွေးခဲ့ပြီးနောက် ထောက်ခံမဲ ၃၂ မဲ၊ ကန့်ကွက်မဲ ငါးမဲနှင့် ကြားနေမဲ ၁၀ မဲဖြင့် ယင်းဥပဒေမူကြမ်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေ မူကြမ်းကို ဥပဒေပြု အထက်လွှတ်တော်သို့ တင်သွင်းခဲ့ပြီး မေ ၂၇ ရက်တွင် ဆုံးဖြတ်မည် ဖြစ်သည်။
နှစ် ၂၀၀ ကြာတည်ဆောက်ခဲ့ရသည့် နော်တာဒိန်းခရစ်ယာန်ဘုရားရှိခိုးကျောင်း တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှု အတွက်သ တ်မှတ်ထားသည့် အချိန်ကာလသည် ငါးနှစ်ဖြစ်သော်လည်း ယင်းစီမံကိန်းကို အလျင်စလို လုပ်ဆောင်မည်မဟုတ်ဟု လွှတ်တော်အစည်းအဝေး ကျင်းပချိန်တွင် ယဉ်ကျေးမှုဝန်ကြီးင်္မညေခု Franck Reister က ဥပဒေပြုအမတ်များကို ပြောကြားခဲ့သည်။
နော်တာဒိန်း ပြန်လည်ပြင်ဆင် မွမ်းမံမှုအတွက် လှူဒါန်းထားငွေ (သို့မဟုတ်) လှူဒါန်းမည်ဟု ကတိပြုထားသည့် ငွေပမာဏသည် ယူရိုတစ်ဘီလျံ (ဒေါ်လာ ၁.၁ ဘီလျံ) နီးပါးရှိကြောင်း၊ ရန်ပုံငွေများကို ပြန်လည်ပြင်ဆင် မွမ်းမံမှုအတွက် အလုံးစုံ အသုံးပြုသွားမည် ဖြစ်ကြောင်း Riester က ပြောကြားခဲ့သည်။
ပြန်လည်ပြင်ဆင် မွမ်းမံမှုအတွက် ကုန်ကျစရိတ်သည် ယူရိုသန်း ၆၀၀ နှင့် သန်း ၇၀၀ ကြား ရှိနိုင်သည်ဟု ပညာရှင်များက သုံးသပ်ထားပြီး ကျန်ရှိသည့်ငွေများကို မည်သို့အသုံးပြုမည်ဆိုသော မေးခွန်းများလည်း ထွက်ရှိလာခဲ့သည်။
၁၂ ရာစုအလယ်တွင် စတင်ဆောက်လုပ်ခဲ့ပြီးနောက် နော်တာဒိန်းသည် ပြင်သစ်၏ ပြောင်းလဲလာသည့် သမိုင်းတစ်လျှောက်တွင် အဓိကျသည့် လက္ခဏာတစ်ခုအဖြစ် ပါဝင်ခဲ့သည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
