အီရန်၏ခြိမ်းခြောက်မှုများအား တန်ပြန်ရန် အမေရိကန်သည် အရှေ့အလယ်ပိုင်းသို့ ပက်ထရိယော့ဒုံးကို ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပင်တဂွန်က မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ရာ အီရန်သည် ဒေသတွင်း၌ အမေရိကန်တပ်ဖွဲ့ဝင်များ သို့မဟုတ် အကျိုး စီးပွားများကို တိုက်ခိုက်ရန် စီစဉ်နေဖွယ်ရှိကြောင်း စိုးရိမ်မှုများကို ထင်ဟပ်ခဲ့သည်။
အီရန်တော်လှန်ရေး အစောင့်တပ်က ထိန်းချုပ်ထားသည့် သင်္ဘောငယ်များပေါ်သို့ စစ်လက်နက်ပစ္စည်းများနှင့် ဒုံးများကို တင်ဆောင်နေကြောင်း ထောက်လှမ်းရေးအချက်အလက်များက ပြသခဲ့ပြီးနောက် ထိုဒုံးအား ရွှေ့ပြောင်းရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပင်တဂွန်၏ အမေရိကန် ဗဟိုစစ်တိုင်းမှ ကနဦးတောင်းဆိုမှုကြောင့် ပက်ထရိယော့ဒုံးကို ထိုဒေသသို့ ပေးပို့ရန် ယခုသီတင်းပတ်အစောပိုင်းတွင် ဆွေးနွေးခဲ့ကြကြောင်း အများပြည်သူသို့ သတင်း ထုတ်ပြန်ခွင့်မရှိသည့် အမည်မဖော်သော ထိုတာဝန်ရှိသူက ပြောကြားခဲ့သည်။ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံး များ၊ ခရုဇ်ဒုံးများနှင့် အဆင့်မြင့်လေယာဉ်များအား တန်ပြန်ရန် တာဝေးပစ်နိုင်ပြီး ရာသီဥတု အခြေအနေအားလုံး၌ အသုံးပြု နိုင်သော ဒုံးခွင်းစနစ် ပက်ထရိယော့ကို တပ်စွဲရေးအတွက် နောက်ဆုံးအတည်ပြုချက်ရရှိရန် ရက်အနည်းငယ်ကြာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အမေရိကန်သည် ပြီးခဲ့သောနှစ် နှောင်းပိုင်းတွင် ဘာရိန်း၊ ကူဝိတ်နှင့် ဂျော်ဒန်တို့မှ ပက်ထရိယော့ဒုံးများအား ပြန်လည်ရုပ်သိမ်းခဲ့သည်။ ယခုဒုံးများသည် ထိုနိုင်ငံတစ်နိုင်ငံ သို့ ပေးပို့ခဲ့ခြင်း ဟုတ်၊ မဟုတ်ကို ရှင်းရှင်း လင်းလင်း မသိရသေးပေ။
လေယာဉ်တင်သင်္ဘော USS Abraham Lincoln တိုက်ခိုက်ရေးရေယာဉ်စုနှင့် ဗုံးကြဲလေယာဉ်များကို ဒေသတွင်းသို့ စေလွှတ်ခဲ့ကြောင်း အမေရိကန်က မေ ၅ ရက်တွင် ကြေညာခဲ့သည်။ ထိုလေယာဉ်တင် သင်္ဘောရေယာဉ်စုသည် စူးအက်တူးမြောင်း ကို ဖြတ်သန်းပြီး ယခုအခါ ပင်လယ်နီသို့ ရောက်ရှိနေသည်။
အီရန်သည် ၎င်း၏ ကမ်းရိုးတန်းတစ်လျှောက် သင်္ဘောငယ်များပေါ်သို့ တာတိုပစ် ပဲ့ထိန်းဒုံးများကို ရွှေ့ပြောင်းနေကြောင်း ထောက်လှမ်းရေးအချက်အလက်များကို အခြေခံပြီး အမေရိကန်က ယခုကဲ့သို့ စစ်လက်နက်များ ပေးပို့နေခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ကနဦးတွင် ပြောကြားခဲ့သည်။ ထိုသင်္ဘောငယ်များပေါ်တွင် ရွှေ့ပြောင်းနိုင်သော ဒုံးပစ်ကိရိယာများကို တင်ဆောင်ထားကြောင်း ထောက်လှမ်းရေးများက သတင်းရရှိခဲ့ခြင်း ရှိ၊မရှိကို တာဝန်ရှိသူများက မပြောခဲ့ပေ။ သို့သော် ထိုဒေသ အတွင်း၌ ကုန်သွယ်ရေးဆိုင်ရာ ရေကြောင်းသွားလာမှုများကို အလားအလာရှိသည့် ခြိမ်းခြောက်မှုများအတွက် သတိပေးချက် ထုတ်ပြန်ထားသည်။
ဒေသတွင်း၌ အမေရိကန်၏ လက်ရှိ စစ်ရေးလှုပ်ရှားမှုများအား အီရန်၏ လက်ဆုပ် လက်ကိုင်ပြနိုင်သော တုံ့ပြန်မှုကို မတွေ့ရ သေးကြောင်း တာဝန်ရှိသူအများအပြားက ပြောကြားထားသည်။
ကုန်း၊ ရေ နှစ်သွယ်သွား ပို့ဆောင်ရေး သင်္ဘော USS Arilington သည် စီစဉ်ထားသည်ထက်စော၍ အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်မည်ဟု ပင်တဂွန်က မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
