အတိအကျမဖော်ပြသော အီရန်၏ခြိမ်းခြောက်မှုများအား တန်ပြန်ရန်အတွက် ပါရှန်ပင်လယ်ကွေ့တွင် တပ်စွဲရန် အိမ်ဖြူတော်က စေလွှတ်လိုက်သည့် B-52 ဗုံးကြဲလေယာဉ်များသည် ကာတာရှိ အမေရိကန်၏ အဓိက လေတပ်စခန်းတစ်ခုသို့ ရောက်ရှိခဲ့ကြောင်း အမေရိကန်လေတပ်က မေ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အမေရိကန်လေတပ်၏ ဗဟိုစစ်ဌာနချုပ်မှ ထုတ်ပြန်ခဲ့သောဓာတ်ပုံများတွင် ကာတာရှိ Al Udeid လေတပ် စခန်းသို့ မေ ၉ ရက်နှောင်းပိုင်းတွင် ရောက်ရှိလာသည့် B-52 H Stratofortress ဗုံးကြဲ လေယာဉ်များအား မြင်တွေ့ခဲ့ရသည်။
အခြားလေယာဉ်များသည် အာရှအနောက်တောင်ပိုင်းရှိ အမည်မဖော်ပြသော နေရာတစ်ခု၌ မေ ၈ ရက်တွင် ဆင်းသက်ခဲ့သည်ဟု အမေရိကန်လေတပ်က ထုတ်ပြန်ခဲ့သည်။ ယူအေအီးရှိ Al Dhafra လေတပ်စခန်းနှင့် ကာတာရှိ Al Udeid လေတပ်စခန်းများအား အာရှအနောက်တောင်ပိုင်းစခန်းများဟု အမေရိကန်စစ်ဘက်က ယခင်က ထုတ်ပြန်လေ့ရှိသည်။
ထိုဗုံးကြဲလေယာဉ်များသည် လူဝီစီယားနားပြည်နယ် Barksdale လေတပ်အခြေစိုက်စခန်း၏ အမှတ်-၂၀ ဗုံးကြဲလေ ယာဉ်စုမှဖြစ်ကြောင်း အမေရိကန်လေတပ်က ထုတ်ပြန်ခဲ့သည်။
တီဟီရန်အား တန်ပြန်ရန် ပါရှန်ပင်လယ် ကွေ့သို့ လေယာဉ်တင်သင်္ဘော USS Abraham Lincoln တိုက်ခိုက်ရေးရေယာဉ်စုနှင့် ဗုံးကြဲလေယာဉ်များအား စေလွှတ်သွားမည်ဟု အိမ်ဖြူတော်က မေ ၅ ရက်တွင် ထုတ်ပြန် ခဲ့သည်။ လေယာဉ်တင်သင်္ဘော Lincoln သည် ပါရှန်ပင်လယ်ကွေ့သို့သွားရောက် ရန် မေ ၉ ရက်တွင် စူးအက်တူးမြောင်းကို ဖြတ်သန်းခဲ့သည်။
အီရန်က ပြုလုပ်နေသည်ဆိုသော ခြိမ်းခြောက်မှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အစိုးရက အထူးပြု မဖော်ပြခဲ့ပေ။
ထရန့်က ၂၀၁၅ ခုနှစ် အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက်ခဲ့ပြီး နောက်တစ်နှစ်အကြာတွင် အီရန်ကလည်း ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့နှင့် ရရှိထားသည့် ထိုသဘောတူညီချက်မှ နောက်ဆုတ်ရန် စတင်လုပ်ဆောင်သွားမည်ဟု မေ ၈ ရက် တွင် ကြေညာခဲ့သည်။
အီရန်၏ရေနံနှင့် စီးပွားရေးလုပ်ငန်းများအား ပစ်မှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများမှ အီရန်ကို ကာကွယ်ပေးနိုင်ရန်အတွက် ရက် ၆၀ အတွင်း နည်းလမ်းရှာဖွေကြရန် အီရန်သမ္မတဟက်ဆန်ရို ဟာနီက ဥရောပခေါင်းဆောင်များကို သတိပေးထားသည်။ ယင်းကဲ့သို့ နည်းလမ်းမရှာနိုင်ပါက အီရန်သည် ယူရေနီယမ်သန့်စင်မှုများအား လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် အဆင့်အထိ စတင် တိုးမြှင့်လုပ်ဆောင်သွား မည်ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်၏နျူကလီးယားအစီအစဉ်များအား ကန့်သတ်ထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို အီရန်က လေးစားလိုက်နာရန် ဥရောပသမဂ္ဂက မေ ၉ ရက်တွင် တိုက်တွန်းခဲ့သည်။ အမေရိကန်က ပိတ်ဆို့ အရေးယူမှုများ ပြန်လည်ချမှတ်ထားသော်လည်း ဥရောပသမဂ္ဂသည် အီရန်နှင့်ကုန်သွယ်ရေးကို ဆက်လက်လုပ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ခဲ့သည်။ သို့သော် ယခုအချိန်အထိ ဥရောပသမဂ္ဂနှင့် ၎င်း၏ အဖွဲ့ဝင်များသည် မည်သည့် အစီအစဉ်သစ်ကိုမျှ မကမ်းလှမ်းသေးပေ။
ထရန့်က သူသည် အီရန်ခေါင်းဆောင်များနှင့် ဆွေးနွေးလိုကြောင်း၊ အီရန်ခေါင်းဆောင်များက သူ့အား ဖုန်းခေါ်စေလိုကြောင်း အိမ်ဖြူတော်တွင် မေ ၉ ရက်၌ ပြောကြားခဲ့သည်။ ဆွေးနွေးပွဲပြုလုပ်ရန် ထရန့်၏ကမ်း လှမ်းမှုများအား ပယ်ချခဲ့ဖူးသည့် အီရန်က တုံ့ပြန်ချက် မပေးသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
