အမေရိကန်က တရုတ်ကုန်ပစ္စည်းများအား စည်းကြပ်ခွန်များ ချမှတ်မှုကို မေ ၁၀ ရက်တွင် ထပ်မံတိုးမြှင့်ခဲ့ရာ လက်တုံ့ပြန်သွားမည်ဟု တရုတ်က ချက်ချင်းထုတ်ပြန်ခဲ့သဖြင့် ကုန်သွယ်ရေးဆွေးနွေးပွဲ ဒုတိယမြောက်နေ့ မစတင်မီ တင်းမာမှုမြင့်တက်စေခဲ့သည်။ မေ ၉ ရက်တွင် တရုတ်တာဝန်ရှိသူများနှင့် ပထမနေ့ဆွေးနွေးပွဲအပြီး ၎င်း၏ကုန်သွယ်ရေးဆွေးနွေးမှု ကိုယ်စားလှယ်အဖွဲ့မှ အစီရင်ခံမှု ရရှိခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စည်းကြပ်ခွန်များ တိုးမြှင့်ခြင်းအား ရပ်ဆိုင်းရန်အတွက် လုပ်ဆောင်ခဲ့ခြင်း မရှိပေ။ ယင်းအတွက်ကြောင့် ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်နေစဉ် စည်းကြပ်ခွန်ချမှတ်မှုအား ရွှေ့ဆိုင်းမှုဖြစ်ပေါ်နိုင်သည့် မျှော်လင့်ချက်ကို အဆုံးသတ်စေခဲ့သည်။
ဒေါ်လာဘီလျံ ၂၀၀ တန်ဖိုးရှိသော တရုတ်သွင်းကုန်များအား စည်းကြပ်ခွန်များချမှတ်မှုကို ၁၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း အထိ အမေရိကန်၏ တိုးမြှင့်မှုအတွက် အလွန်အမင်း စိတ်မကောင်းကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး လိုအပ်သော တန်ပြန်ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဟု အကြိမ်ကြိမ် ကတိပြုခဲ့သော်လည်း အသေးစိတ် မပြောခဲ့ပေ။
တစ်နှစ်ကျော်ကြာ ကုန်သွယ်ရေးပဋိပက္ခတွင် ပိတ်မိနေစဉ် အမေရိကန်ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ထိပ်တန်းတာဝန်ရှိသူများသည် တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟဲ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မေ ၉ ရက်တွင် ကုန်သွယ်ရေးဆွေးနွေးပွဲကို ပြန်လည်စတင်ခဲ့သည်။ ပြီးခဲ့သောနှစ် နောက်ပိုင်း ကမ္ဘာ့စီးပွားရေး အင်အားအကြီးဆုံး နှစ်နိုင်ငံသည် ဒေါ်လာဘီလျံ ၃၆၀ ကျော် တန်ဖိုးရှိ နှစ်နိုင်ငံသွင်းကုန်များအား စည်းကြပ်ခွန်များ အပြန်အလှန် ချမှတ်ထားသည်။ တရုတ်၏ တရားမျှတမှု မရှိသော ကုန်သွယ်ရေးလုပ်ရပ် များကြောင့် ယင်းကဲ့သို့ စည်းကြပ်ခွန်ကို စတင်ပြဋ္ဌာန်းရခြင်းဖြစ်သည်ဟု ထရန့်က အကြောင်းပြခဲ့သည်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် ရောဘတ်လိုင်သီဇာနှင့် ဘဏ္ဍာရေးဝန်ကြီး စတိဗင်အမ်နူချင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကိုယ်စားလှယ် အဖွဲ့နှင့် မိနစ် ၉၀ ခန့် ဆွေးနွေးခဲ့ပြီးနောက် ထရန့်ကို အစီရင်ခံခဲ့သည်။ ယင်းနောက် မေ ၁၀ ရက်တွင် ဆွေးနွေးမှု ဆက်လက်ပြုလုပ် ရန် သဘောတူခဲ့သည်ဟု အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဆွေးနွေးပွဲများတွင် သဘောတူညီချက် တစ်ခုရရှိရန် ဦးတည်နေကြောင်း မကြာသေးမီ သီတင်းပတ်များအတွင်း တာဝန်ရှိသူများထံမှ အကောင်းမြင်မှုများ ရှိခဲ့သော်လည်း တရုတ်သည် ၎င်း၏ကတိခံထားမှုများကို နောက်ပြန်လှည့်ရန် ကြိုးစားနေကြောင်း ထရန့်က ဒေါသတကြီးစွပ်စွဲခဲ့ပြီးနောက် ယခု သီတင်းပတ်အတွင်း တင်းမာမှုပြန်လည် ဖြစ်ပွားခဲ့သည်။ သဘောတူညီချက်၏ အစိတ်အပိုင်းအများအပြားအား ၎င်းတို့က ပြန်လည် ညှိနှိုင်းနေကြောင်း၊ ယင်းကဲ့သို့ လုပ်ဆောင်၍မရကြောင်း ထရန့်က ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် စည်းကြပ်ခွန်များကို ဆက်လက်ထားရှိမည်ဖြစ်ပြီး တရုတ်ကုန်ပစ္စည်းအားလုံးကို ပြင်းထန်သော စည်းကြပ်ခွန်များ ချမှတ်သွားမည်ဟုလည်း ထရန့်က ခြိမ်းခြောက်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
