Top News

စင်ကာပူတွင် ရှားပါးသော ရေကျောက်ရောဂါ ပထမဆုံးအကြိမ် ဖြစ်ပွား
24htopnews | September 22, 2024 4:12 AM CST

မင်္ဂလာပွဲတစ်ခုတွင် တောကောင်အသား စားမိပြီး ရှားပါးသော ရေကျောက်ရောဂါပိုး ကူးစက်ခံခဲ့ရသည်ဟု ယူဆရသည့်  နိုင်ဂျီးရီးယား အမျိုးသားတစ်ဦးက ရောဂါပိုး သယ်ဆောင်လာမှုကြောင့် စင်ကာပူတွင် ရှားပါး ရေကျောက်ရောဂါ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၈ ရက် နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ဗဟိုနှင့် အနောက်အာဖရိက၏ ဒေသအချို့တွင် ကူးစက်ပျံ့နှံ့သော ထိုရေကျောက်ရောဂါ ကူး စက်ခံရပါက လူသားများတွင် နာကျင်မှု၊ အဖျားတက်မှု၊ ကြွက်သားနာကျင်မှု၊ ချမ်းတုန်မှု အပါအဝင် ရောဂါလက္ခဏာများ ခံစားရ လေ့ရှိသည်။ ရှဉ့်၊ ကြွက်နှင့် မျောက်များကဲ့သို့ ကူးစက်တတ်သည့် တိရစ္ဆာန်များနှင့် အ နီးကပ်ထိတွေ့မှုမှတစ်ဆင့် ထိုရောဂါပိုး ကူးစက်လေ့ရှိပြီး လူအချင်းချင်း ကူးစက်မှုမှာ အကန့်အသတ်ရှိသည်။ ထိုရောဂါသည် ပုံမှန်အားဖြင့် သေဆုံးမှုမရှိသော်လည်း ရှားပါးသော ကူးစက်မှုများ ဖြစ်လေ့ရှိသည်။ အသက် ၃၈ နှစ်ရှိ ထိုနိုင်ဂျီးရီးယား အမျိုးသားသည် ဧပြီ ၂၈ ရက်တွင် စင်ကာပူသို့ ရောက်ရှိလာခဲ့ကြောင်း၊ ယင်းနောက် နှစ်ရက်အကြာတွင် ရောဂါလက္ခဏာများ ပြသခဲ့ကြောင်း စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။ ၎င်းအား ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာ၌ သီးခြားခွဲထားပြီး အခြေအနေ တည်ငြိမ်ကြောင်း၊ ထိုအမျိုးသားနှင့် အနီးကပ်ထိပ်တွေ့မှုရှိခဲ့သည့် အခြားလူ ၂၃ ဦးကိုလည်း သီးခြားခွဲထားပြီး ၂၁ ရက်ကြာ စောင့် ကြည့်သွားမည်ဖြစ်ကြောင်း စင်ကာပူက ထုတ်ပြန်ခဲ့သည်။                                     

 


READ NEXT
Cancel OK