အာရှတိုက်၏ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီသည် ဗြိတိန်အရုပ်ကုမ္ပဏီ Hamleys ကို ဒေါ်လာ ၈၈ သန်းဖြင့် တရုတ်လုပ်ငန်းစုထံမှ ဝယ်ယူခဲ့ကြောင်း သိရသည်။ ဟောင်ကောင် စတော့စျေးကွက်ဝင် တရုတ်ဖက်ရှင်လုပ်ငန်းစု C.Banner International Holdings က ပိုင်ဆိုင်သော နှစ်ပေါင်း ၂၅၉ နှစ်သက်တမ်းရှိသည့် Hamleys အရုပ်ကုမ္ပဏီအား ဝယ်ယူခဲ့ကြောင်းကို အမ်ဘာနီ၏ Reliance Brands ကုမ္ပဏီက မေ ၉ ရက်နှောင်းပိုင်းတွင် ကြေညာခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ဆိုင်ခွဲများဖွင့်လှစ်ထားသည့် နာမည်ကျော် Hamleys အမှတ်တံဆိပ်နှင့် လုပ်ငန်းကို ဝယ်ယူခြင်းသည် ကမ္ဘာ့တစ်ဝန်း လက်လီရောင်းချသည့် လုပ်ငန်းများအတွင်း Reliance ကုမ္ပဏီအား ရှေ့ပြေးကုမ္ပဏီတစ်ခုအဖြစ်သို့ ရောက်ရှိစေမည်ဖြစ်ကြောင်း Reliance ၏ အမှုဆောင် အရာရှိချုပ်တစ်ဖြစ်လဲ ဥက္ကဋ္ဌဖြစ်သူ ဒါရှန်မက်တာက ပြောကြားခဲ့သည်။
ဒေါ်လာဘီလျံ ၅၀ ကြွယ်ဝသည်ဟု Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည့် အမ်ဘာနီသည် ရေနံသန့်စင်ခြင်း လုပ်ငန်းနှင့် ရေနံဓာတုပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းမှ စတင်၍ ကြွယ်ဝချမ်းသာလာခဲ့ခြင်းဖြစ်ပြီး ၎င်းပိုင်ဆိုင် သော Reliance ကုမ္ပဏီသည်လည်း ဆက်သွယ်ရေးလုပ်ငန်းမှသည် ကြေးနန်းဆက်သွယ်မှု ကွန်ရက်များနှင့် နည်းပညာ ကုမ္ပဏီများထိ လုပ်ငန်းများ ချဲ့ထွင်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း အမ်ဘာနီသည် Burberry ၊ Canali Paul ၊ Smith Armani ၊ Just Cavalli ၊ Jimmy Choo စသည့် နာမည်ကြီးအမှတ်တံဆိပ်များတွင် ၎င်း၏ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုကို တစ်ခဲနက် တိုးချဲ့လုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်တွင် အမ်ဘာနီသည် အိန္ဒိယ၏ လက်လီအရောင်း စျေးကွက်ကို ချုပ်ကိုင်ထားနိုင်ရေးအတွက် Amazon ၊ Walmart ကုမ္ပဏီတို့နှင့် အပြင်းအထန် ပြိုင်ဆိုင်နေရသည်။ လူအများ နှစ် သက်သဘောကျကြသည့် Hamleys အရုပ်လုပ်ငန်းကို ဝယ်ယူလိုက်ခြင်းသည် အဆိုပါ ပြိုင်ဆိုင်မှုအတွင်း အမ်ဘာနီအား အထောက်အပံ့ ဖြစ်စေလိမ့်မည်ဖြစ်သည်။
Hamleys ကုမ္ပဏီသည် လန်ဒန်တွင် ဖွင့်လှစ်ထားသည့် ကြီးမားသောအရုပ်ဆိုင်ကြောင့် လူသိများပြီး ထိုအရုပ်ဆိုင်သို့ တစ်နှစ်လျှင် ခရီးသွားငါးသန်းထိ လာရောက်ကြောင်း သိရသည်။
Hamleys အမှတ်တံဆိပ်သည် လူသိများထင်ရှားသော်လည်း ယင်းကုမ္ပဏီမှာ ကြိုးစားရုန်းကန်နေရသည်။ အရုပ်ဆိုင်ကို ပေါင် ၆၈ သန်း (ဒေါ်လာ ၈၈ သန်း)ဖြင့် အမ်ဘာနီထံသို့ ရောင်းချလိုက်သည့်စျေးနှုန်းမှာ C.Banner လုပ်ငန်းစုက ယခင် Hamleys အရုပ်ဆိုင်လုပ်ငန်း ပိုင်ရှင် ပြင်သစ် Groupe Ludendo လုပ်ငန်းစုထံမှ ဝယ်ယူခဲ့သည့် စျေးနှုန်း၏ ထက်ဝက်ခန့်သာရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
