သီတင်းပတ် ခုနစ်ပတ်နီးပါး ကြာမြင့်မည့် အိန္ဒိယ၏ ဧရာမ ရွေးကောက်ပွဲသည် ယခုလကုန်တွင် အဆုံးသတ်ရန် နီးကပ်လာစဉ် ဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ပူပြင်းသော နယူးဒေလီတွင် မေ ၈ ရက် နှောင်းပိုင်း၌ ကြီးမားပြီး ဆူညံသော လူထုစုဝေးမှုကို လုပ်ဆောင်ခဲ့သည်။ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ပြီး အလုပ်ပြီးမြောက်လျှင် ရလဒ်များ ရရှိကြောင်း၊ ငွေကြေး ဖောင်းပွမှုသည် အမြဲတက်နေသည့် အရာဖြစ်ပြီး ယခုအခါ ထိန်းချုပ်နေနိုင်ပြီ ဖြစ်ကြောင်း မိုဒီက စုဝေးပွဲ တက်ရောက်လာသူ ထောင်ပေါင်းများစွာကို ပြောကြားခဲ့သည်။
ဆင်းရဲသားများသည် နေအိမ်၊ သန့်စင်ခန်းနှင့် လျှပ်စစ်မီးများအား လက်လှမ်းမီလာခဲ့ပြီး Ayusham Bharat (အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်) ကြောင့် အကျိုးအမြတ်များ ရရှိနေပြီ ဖြစ်ကြောင်း လက်ယာယိမ်းဝါဒီ မိုဒီက ပြောကြားခဲ့သည်။
မဲပေးရန် မှတ်ပုံတင်ထားသူ သန်း ၉၀၀ ရှိသော ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲအား ဧပြီ ၁၁ ရက်တွင် စတင် ကျင်းပခဲ့ပြီး မေ ၁၉ ရက်တွင် မဲပေးမှု မပြီးဆုံးမီ တစ်ပတ်အလို မေ ၁၂ ရက်၌ နယူးဒေလီတွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သည်။ လူဦးရေ သန်း ၂၀ ခန့် ရှိပြီး လေထုညစ်ညမ်းမှု ဆိုးရွားသော နယူးဒေလီမြို့၏ ရွေးကောက်ပွဲသည် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အရေးပါသော ဆုလာဘ် ရရှိမည်ဖြစ်သည်။
မိုဒီ၏ ဘရာသီယာဂျနာသာပါတီ (BJP) သည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် နယူးဒေလီ ပါလီမန်၌ အမတ် ခုနစ် နေရာစလုံးကို အနိုင်ရခဲ့ပြီး ယခု ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံ ကွန်ဂရက်ပါတီနှင့် ဒေသတွင်း မှ အားကောင်းစပါတီ Aam Aadmi Party (AAP) တို့၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု မျှော်လင့်ထားသည်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ရပ်တည်ချက်ဖြင့် ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော AAP သည် သဘောထား ကွဲလွဲစေသည့် ခေါင်းဆောင် Arvind Kejriwal ဦးဆောင်မှုဖြင့် ၂၀၁၅ ခုနှစ် ပြည်နယ်ရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သည်။
ယင်းကဲ့သို့ အနိုင်ရခဲ့အပြီး ဒေလီပြည်နယ် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်နေသည့် Kejriwal က မိုဒီ၏ ဗဟိုအစိုးရသည် ပြည်နယ်အစိုးရ၏ အဓိက စီမံချက်များနှင့် ခြေလှမ်းများအား ဆက်တိုက် ပိတ်ဆို့ သို့မဟုတ် အနှောင့်အယှက် ပေးခြင်း လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
သို့သော် မိုဒီက အရူးလုပ်မခံရစေရန် တက်ရောက်လာသည့် လူအုပ်ကြီးကို ပြောကြားခဲ့သည်။ နိုင်ငံရေးသစ် ဖန်တီးပေးမည်ဟု ကတိပေးခဲ့သော မကောင်းသူအချို့၏ လှည့်ဖျားမှုအား ဒေလီပြည်သူများ ကြုံတွေ့နေရကြောင်း၊ ထိုကတိပေးသူများသည် မင်းမဲ့စရိုက်နှင့် အဖျက်သမား ၀ါဒီများ ဖြစ်ကြကြောင်း ဟိန္ဒူ အမျိုးသားရေးဝါဒီ မိုဒီက ပြောကြားခဲ့သည်။
သဘောထား စစ်တမ်းများအရ မိုဒီသည် ဒုတိယမြောက် သက်တမ်းအတွက် ပြန်လည် ရွေးချယ်ခံရနိုင်သော်လည်း အမတ်နေရာ အများစု ရရှိထားမှုကို ဆုံးရှုံးနိုင်ခြေရှိပြီး စီးပွားရေး၊ အလုပ်လက်မဲ့ ပြဿနာများအတွက် အတိုက်အခံများ၏ ဝေဖန် တိုက်ခိုက်မှုများကို ကြုံတွေ့ရနိုင်ခြေ ရှိနေသည်။
မိုဒီသည် ဟိန္ဒူများအတွက် စဉ်းစားပေးသည့် တစ်ဦးတည်းသော ခေါင်းဆောင်ဖြစ်ပြီး တစ်ဦးတည်းသော ကယ်တင်ရှင် ဖြစ်ကြောင်း စုဝေးပွဲ တက်ရောက်ခဲ့သည့် အသက် ၅၀ ရှိ ကျောင်းအုပ်ကြီး ဘီဟာဆန်ဝါက ပြောကြားခဲ့သည်။ အသက် ၄၁ နှစ်ရှိ လုပ်ငန်းရှင် မူနစ်ရှ်ကမူ အစိုးရကဏ္ဍတွင် မဟုတ်ဘဲ ပုဂ္ဂလိကကဏ္ဍ၌ အလုပ်အကိုင်များစွာ ရှိနေသည်ဟု ထင်ကြောင်း၊ လူများက အလုပ်လုပ်ရန် ဆန္ဒမရှိခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
