အမေရိကန်သံတမန်တစ်ဦး တောင်ကိုရီးယားသို့ လာရောက်စဉ် မြောက်ကိုရီးယားက ဒုံးလက်နက်တစ်ခုအား ပစ်လွှတ်ခဲ့ကြောင်း၊ မေ ၉ ရက်တွင် လုပ်ဆောင်ခဲ့သည့် အဆိုပါဒုံးပစ်လွှတ်မှုသည် သီတင်းပတ်တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောကြားခဲ့သည်။
မေ ၄ ရက်တွင် မြောက်ကိုရီးယားသည် စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ပြီးတာတို ပစ်ဒုံးကျည်တစ်ခုထက်မနည်းပါဝင်သည်ဟု ခန့်မှန်းရသော ဒုံးလက်နက်အမြောက်အမြားကို ပစ်လွှတ်ခဲ့ပြီးနောက် ယခုတစ်ကြိမ် ဒုံးပစ်လွှတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယားအရေးဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖင်ဘိုင်ဂန်က မဟာမိတ်များက ပြုံယမ်းသို့ဦးတည်ချဉ်းကပ်မည့် အ ရေးနှင့်ပတ်သက်၍ တောင်ကိုရီးယားတာဝန်ရှိသူများနှင့် ဆွေးနွေးရန် မေ ၉ ရက်နှောင်းပိုင်းတွင် ဆိုးလ်သို့ ရောက်ရှိလာခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် မြောက်ကိုရီးယား၏ ဒုံးပစ်လွှတ်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့၏ သဘောတူညီမှုမရရှိခဲ့သော ဟနွိုင်းထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့ပြီးနောက်ပိုင်း သံတမန်ဘိုင်ဂန်သည် ဆိုးလ်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။ မေ ၉ ရက်တွင် ဘိုင်ဂန်သည် တောင်ကိုရီးယားသံတမန် လီဒုံဟွန်းနှင့် တွေ့ဆုံခဲ့ပြီး မေ ၁၀ ရက်တွင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး နှင့် ပေါင်းစည်းရေးဝန်ကြီးတို့နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
မြောက်ကိုရီးယားပစ်လွှတ်လိုက်သည့် ဒုံးလက်နက်မှာ တစ်ခုတည်းပစ်လွှတ်ခြင်း သို့မဟုတ် ဒုံးလက်နက်အမြောက်အမြားစု ပြုံပစ်လွှတ်ခြင်းလားဆိုသည်ကို စစ်ဆေးနေမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ အဆိုပါဒုံး လက်နက်အား အရှေ့ဘက်လားရာအတိုင်း ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး မြောက်ကိုရီးယား နော့သ်ပြုံဂန်ပြည်နယ်ရှိ စီနိုရီမြို့မှ ပစ်လွှတ်ခဲ့ဖွယ်ရှိကြောင်း ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ကင်ဂျွန်ရာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ပြုံယမ်းအနောက်မြောက်ဘက် ၇၅ ကီလိုမီတာ (၄၅ မိုင်) အကွာရှိ ဆယ်စုနှစ်များစွာသက်တမ်းရှိသော စီနိုရီ ဒုံးကျည်အခြေစိုက်စခန်းသည် မြောက်ကိုရီးယား၏ သက်တမ်းအရှည်ကြာဆုံး ဒုံးကျည်အခြေစိုက် စခန်းများထဲမှ တစ်ခုဖြစ်ပြီး Nodong - 1 တာလတ်ပစ်ဒုံးကျည်များ ထောက်ပ့ံထားသော တပ်ရင်းကြီးအရွယ်အစားရှိသည့် တပ်ဖွဲ့တစ်ဖွဲ့ကို ထားရှိထားကြောင်း မဟာဗျူဟာမြောက် အပြည်ပြည်ဆိုင်ရာလေ့လာရေး ဗဟိုဌာနက ဆိုသည်။
အဆိုပါအခြေစိုက်စခန်းမှ အရှေ့ဘက်သို့ ဦးတည်ပစ်လွှတ်သည့် မည့်သည့်ဒုံးလက်နက်မဆို ပင်လယ်ထဲသို့ မကျရောက်မီ ကိုးရီးယားကျွန်းဆွယ်သို့ ဖြတ်သန်းသွားရမြဲ ဖြစ်သည်။ မေ ၄ ရက်ကလုပ်ဆောင်သော ဒုံးစမ်းသပ်ပစ်လွှတ်မှုတွင် ပြုံယမ်း၏ တာဝေးပစ် ဒုံးလက်နက်များစွာနှင့် တာတိုပစ်ပဲ့ထိန်းဒုံးကျည်များပါဝင်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။ ကျွမ်းကျင်ပညာရှင်များကမူ စမ်းသပ်မှုအတွင်း တာတိုပစ်ဒုံးကျည်တစ်ခုထက်မနည်းကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ကြောင်းနှင့် 38 North ဝက်ဘ်ဆိုက်ပေါ်တွင်ထုတ်ပြန်ထားသော သတင်းနှင့်စပ်လျဉ်း၍ အဆိုပါဒုံးလက်နက်သည် ရုရှားနိုင်ငံထုတ် Iskander ဒုံးကျည်ကို တိုက်ရိုက်တင်သွင်းထားခြင်းဖြစ်သည်ဟု ယူဆရကြောင်း ပြောကြားထားသည်။ Ref; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
