ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၁၀၇ ရပ်ကွက် ငုဝါမြို့နှင့် ဝဇီရာလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား စက်တင်ဘာ ၂၀ ရက်တွင် လက်နက်ကိုင်ဆောင်ထားသူအချို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်းသိရသည်။
အဆိုပါ ပစ်ခတ်ခံရမှုတွင် သေဆုံးသွားသူများမှာ ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကြည်ထွန်းနှင့် ရာအိမ်မှူးဦးဆွေမြင့်အောင်တို့ဖြစ်ပြီး ကျန်တစ်ဦးမှာ ရပ်ကွက်ရုံးစာရေးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တောင်ဒဂုံ ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ၂၀၂၂ ခုနှစ် ဧပြီ ၁၈ ရက်ကလည်း သေနတ်ကိုင်ဆောင်ထားသူများက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ထိုစဉ်က ရာအိမ်မှူးတစ်ဦးသေဆုံးကာ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်း၊ ရာအိမ်မှူးနှစ်ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါအဝင် ဒလန်စွပ်စွဲချက်ဖြင့် အရပ်သားများအား မကြာခဏ လုပ်ကြံသတ်ဖြတ်မှုများရှိနေပြီး ယင်းသို့လုပ်ကြံသတ်ဖြတ်မှုများတွင် PDF များက မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်လေ့ရှိသည်။
ယခု လုပ်ကြံသတ်ဖြတ်မှုနှင့် ပတ်သက်၍ မည်သည့် PDF အဖွဲ့က လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်မျိုး တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းမရှိသေးပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
