ရေဘေးကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ပ ညာရေးအဆောက်အဦများအား နိုင်ငံတော်အစိုးရမှအမြန်ဆုံးပြင်ဆင်တည်ဆောက်ပေးသွားမည်ဟု စက်တင်ဘာ ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၊ မြို့တော်ခန်းမ၌ကျင်းပသည့် ရေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင် ရွက်ရန်အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။
အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားစဉ် ရေဘေးသင့်ဒေသများရှိ ပိတ်ထားရသည့်စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အစိုးရအနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိကာ ကျောင်းသားများအားလုံးအတန်းနှင့်လျော်ညီသည့် စာတတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရမည်ဟု ထည့်သွင်း ပြောကြားသည်။
” ကျောင်းတွေနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်လိုရင် ကူညီဆောင်ရွက်ပေးကြစေလိုပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ထိခိုက်
ပျက်စီးခဲ့တဲ့ အဆောက်အဦတွေကို နိုင်ငံတော်အစိုးရက အမြန်ဆုံးပြင်ဆင်တည်ဆောက်ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ဆိုသည်။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် စာအုပ်များနှင့်စာရေးကိရိယာများကိုလည်း အလှူရှင်များအနေဖြင့် လှူဒါန်းနိုင်ကြောင်းလည်း နစက ဥက္ကဋ္ဌကတိုက်တွန်းပြောကြားခဲ့သည်။
ထို့အတူ ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးဧက(၇)သိန်းခန့်ပျက်စီးခဲ့သဖြင့် ပြန်လည်စိုက် ပျိုးနိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အချို့လယ်ယာများသည် ပြန်လည်စိုက်ပျိုးနိုင်ရန် ပြုပြင်မှုများစွာဆောင်ရွက်ရမည်ဖြစ်၍ စပါးစိုက်ပျိုးရန်အဆင်မပြေတော့သည့် စိုက်ဧကများ၌ နွေသီးနှံများကိုစိုက်ပျိုးသွားမည်ဟု ပြောသည်။
မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကိုရင်ဆိုင်နိုင်ရန် ပြင်ဆင်မှုများကိုဆောင်ရွက်ထားရမည်ဖြစ်ကာ နေထိုင်မှုများစည်းကမ်းတကျရှိပါက ထိခိုက်ပျက်စီးမှုများနည်းနိုင်မည်ဖြစ်ပြီး အမှိုက်များကိုစည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ရေစီးရေလာများကိုထိခိုက်စေနိုင်ပြီး ထိုမှတဆင့် ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေနိုင်သဖြင့် နေထိုင်မှုများစည်းကမ်းတကျရှိစေရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဟုလည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းအထိ စာရင်းများအရ ရေဘေးကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် လုံးဝပျက်စီးသွားသည့် အဆောက်အဦပေါင်း ၂၁၄၉ လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် အဆောက်အဦပေါင်း ၃၄၅၅ လုံး၊ ရေဝင် နစ်မြှုပ်ခဲ့သည့် အဆောက်အဦပေါင်း ၁၃၆၀၂၃ လုံး စုစုပေါင်း ၁၄၁၆၂၇ လုံးနှင့် စာသင်ကျောင်းပေါင်း ၅၄၆ ကျောင်း ရေဝင်
နစ်မြှုပ်ပျက်စီးခဲ့သည်ဟုသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
