စားအုန်းဆီ အိမ်တိုင်ရာရောက် ရောင်းချပေးရာတွင် တစ်အိမ်ထောင်(၃)ပိဿာရောင်းချပေးရာမှ (၂ ဒသမ ၇၅) ပိဿာ သာ ရောင်းချပေးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၄၄)မြို့နယ်မှ အိမ်ထောင်စုတစ်ခုလျှင် (၃)ပိဿာ ရောင်းချပေးခဲ့ရာမှ စက်တင်ဘာလ (၂၃) ရက်မှစတင်ပြီး ငါးလီတာဘူးဖြင့် (၂.၇၅) ပိဿာပြောင်းလဲရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ စားအုန်းဆီရောင်းချပေးရာတွင် အပတ်စဉ်ထုတ်ပြန်ပေးနေသည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကိုအခြေခံ၍ တွက်ချက်ရောင်းချပေးခြင်းဖြစ်ပြီး ပို့ဆောင်ခကို ဝယ်ယူသူမှ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီဆက်သွယ်မှာယူချင်သူများအနေဖြင့် Call Center ဖုန်း ၀၁-၂၃၉၉၂၂၂ (လိုင်းခွဲ၇)သို့ ဆက်သွယ်မှာယူနိုင်သည့်အပြင် ကျောက်တံတားခရိုင်၊ သင်္ဃန်းကျွန်းခရိုင်၊ အလုံခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ဒဂုံမြို့သစ်ခရိုင်၊ကမာရွတ်ခရိုင်များအတွက် 01-4706722လိုင်းခွဲ(၁၀)လိုင်း၊09-7710027 22လိုင်းခွဲ(၁၀)လိုင်း သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
ထို့ပြင် တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊မင်္ဂလာဒုံခရိုင်၊ မှော်ဘီခရိုင်၊ အင်းစိန်ခရိုင်၊သန်လျင်ခရိုင်၊ တွံ့တေးခရိုင်၊ မရမ်းကုန်းခရိုင်များအတွက် 01-4705566လိုင်းခွဲ(၁၅)လိုင်းနှင့် 09-940171222 လိုင်းခွဲ(၁၅)လိုင်းသို့ ဆက်သွယ်မှာယူနိုင်ကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
