မန္တလေးတိုင်းနှင့်မွန်ပြည်နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်ရာ၌အသုံးပြုနိုင်ရန် စက်တင်ဘာ ၂၁ ရက်ကကျင်းပခဲ့သည့် အလှူငွေပေးအပ်ပွဲတွင် အလှူငွေကျပ်သိန်း(၁)သောင်းကျော်ရရှိခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်သူများအတွက် အလှူငွေပေးအပ်ပွဲအား မန္တလေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် တက်
ရောက်၍ကျေးဇူးတင်စကား ပြောကြားကာ အလှူငွေများကိုလက်ခံရယူပြီး အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့သည်။
ယင်းအခမ်းအနားတွင် မန္တလေးတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ငွေကျပ်သိန်း(၇၁၀၀)ကျော်အား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်သူ များအတွက် အလှူငွေပေးအပ်ပွဲအား မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကျော်လင်းမောင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်သူများအတွက် စေတနာရှင်၊ အလှူရှင်များက ပေးအပ်လှူဒါန်းသည့် အလှူငွေကျပ်သိန်း (၂၈၀၀)ကျော်အား ပြည်နယ်
ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကလက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
