မြန်မာနိုင်ငံအလယ်ပိုင်း သဘာဝဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့မှုများဆောင်ရွက်နိုင်ရန် သထုံမြို့ပေါ်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများမှ အလှူငွေများလှူဒါန်းခဲ့ကြောင်း မြို့ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ် နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားနေခဲ့ကြရသည့် ဒေသများမှ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကူညီထောက်ပံ့နိုင်ရန်အတွက် သထုံမြို့ မြသပိတ်တောင်၊ ဝေဘူကမ္မဌာန်းရိပ်သာ၊ ဘုရားငါးဆူကျောင်းတိုက်ကြီး၏ ဦးစီးနာယက ဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဦးဆောင်မှုဖြင့် သထုံမြို့ဗူးဘုရားတွင် အလှူခံဌာနဖွင့်လှစ်ကာ အလှူငွေများနှင့် အလှူပစ္စည်းများလက်ခံဆောင်ရွက်ခဲ့ကြကြောင်း သထုံမြို့ခံပြည်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “စက်တင်ဘာလ (၂၀) ရက်နေ့အထိကို အလှူငွေနဲ့ အလှူပစ္စည်းတွေလက်ခံပြီးတော့ ဒီနေ့ (စက်တင်ဘာလ (၂၁) ရက်) မှာ ကား (၁၁) စီးနဲ့ ပြန်လည်ထူထောင်ရေးအတွက်ကူညီထောက်ပံ့မယ့် ဒေသတွေကို သထုံမြို့ကနေ ထွက်ခွာသွားကြပြီးဖြစ်ပါတယ်” ဟု ပြောကြားသည်။
ထိုသို့ မြန်မာနိုင်ငံအလယ်ပိုင်းရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများအားကူညီထောက်ပံ့နိုင်ရေးအတွက် သထုံမြို့ခံပြည်သူများ၊ သထုံမြို့ရှိ အသင်းအဖွဲ့များနှင့်အတူ အခြားသော ဒေသများမှ အလှူရှင်များမှ ငွေအားသော်လည်းကောင်း၊ ထောက်ပံ့ရေးပစ္စည်းများအဖြစ်သော်လည်း လာရောက်လှူဒါန်းမှုများရှိခဲ့သည့်အပြင် သထုံမြို့ပေါ်ရှိ မူလတန်းလွန်ကျောင်းများမှလည်း ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများကပါ အလှူငွေများထည့်ဝင်လှူဒါန်းခဲ့ကြကြောင်းလည်း ၎င်းကဆိုသည်။
“ယမန်နေ့ (စက်တင်ဘာလ (၂၀) ရက်) က သထုံမြို့ဘုရားကြီးတောင်ဘက်မှာရှိတဲ့ အ.မ.က (လွန်) ကျောင်းက ကျောင်းအုပ်ဆရာမကြီးနဲ့ ကျောင်းဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူလေးတွေက အလှူငွေ (၂၁) သိန်းကျော်ထည့်ဝင်လှူဒါန်းပေးကြပါတယ်။ အဲ့ဒီအပြင်ကို သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်မှာရှိတဲ့ အ.မ.က (အောက်လမ်း) ကျောင်းက ကျောင်းအုပ်ဆရာမကြီးနဲ့၊ ကျောင်းဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူလေးတွေကလည်း အလှူငွေ (၂၁၆၀၀၀) ကျပ်ကို ထည့်ဝင်လှူဒါန်းပေးခဲ့ကြပါတယ်” ဟု ၎င်းမြို့ခံက ပြောကြားသည်။
သထုံမြို့မှ ထွက်ခွာသွားသည့် သဘာဝဘေး ကူညီထောက်ပံ့ရေးအဖွဲ့အနေဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်ခံ ဒေသများနှင့် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ရှိ သဘာဝဘေးဒဏ်ခံ ဒေသခံများသို့ သွားရောက်ထောက်ပံ့လှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
