လာမည့်သီတင်းပတ်တွင် ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာမည့်အချိန်အတွင်း ပြုလုပ်မည့် နိုင်ငံရေးဆိုင်ရာ ဆန္ဒပြမှုများတွင် ဗုံးဖောက်ခွဲရန် စီစဉ်သူအချို့အပါအဝင် IS အဖွဲ့နှင့် ဆက်စပ်သည့် အကြမ်းဖက်သမားများဟု သံသယရှိသူ ဒါဇင်များစွာကို ဖမ်းဆီးခဲ့သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့က မေ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံတစ်ဝန်း၌ ယခုနှစ်အစောပိုင်းတွင် စီးနင်းဖမ်းဆီးမှုများ စတင်ခဲ့ပြီးနောက် ထိန်းသိမ်းခံရသူ ၆၀ ဦးရှိခဲ့ပြီး မေလတစ်လတည်းတွင် သံသယရှိသူ ၂၉ ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ကိုယ့်ကိုယ်ကိုယ် အသေခံဗုံးခွဲခဲ့သည့် စစ်သွေးကြွတစ်ဦး၏ ဇနီးနှင့် ကလေးတစ်ဦးပါဝင်သည့် အခြားသံသယရှိသူရှစ်ဦးသည် အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများအတွင်း သေဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးထားသူများထဲမှအချို့သည် ဗုံးလုပ်ရာတွင် ကျွမ်းကျင်သူများဖြစ်ပြီး ဆီးရီးယားတွင် ဂျီဟတ်အဖွဲ့နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့်အပြင် ပြည်တွင်းအစွန်းရောက်ကွန်ရက် Jemaah Ansjurat Daulah (JAD)၏ အဖွဲ့ဝင်များလည်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
IS ကို သစ္စာခံထားသည့် JAD ကွန်ရက်သည် အင်ဒိုနီးရှား၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဆူရာဘာယာရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် အသေခံဗုံးခွဲ တိုက်ခိုက်မှုများအတွက် အပြစ်တင်ခံခဲ့ရသည်။
ကမ္ဘာ့အကြီးဆုံး မွတ်စလင်နိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် နိုင်ငံခြားခရီးသွားများအပါအဝင် လူ ၂၀၀ ကျော် သေဆုံးခဲ့သည့် ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစ္စလာမ္မစ်စစ်သွေး ကြွများ၏ တိုက်ခိုက်မှုများ တစ်သီတတန်း ဖြစ်ပွားခဲ့သည်။
နောက်ဆုံးဖမ်းဆီးခဲ့မှုသည် ဧပြီ ၁၇ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွက် တရားဝင်ရလဒ်များ မထုတ်ပြန်မီ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့မှုတစ်ခု ဖြစ်သည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် Muhammad Iqbal က မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
သမ္မတရာထူးအတွက် ယှဉ်ပြိုင်သည့် အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာဘိုဝိုဆူဘီယန်တိုက များပြားသည့် ရွေးကောက်ပွဲ မသမာမှုများနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများ ပေါ်ပေါက်လာနိုင်သည်ဟု သတိပေးခဲ့ပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိလာခဲ့သည်။
သမ္မတဂျိုကိုဝီဒိုဒိုကို ပြန်လည်ရွေးချယ်တင်မြှောက်ခံရသည်ဟု ကြေညာမည်ဆိုပါက လာမည့်သီတင်းပတ် ရလဒ်များကို အသိအမှတ်ပြုမည်မဟုတ်ဟု ဆူဘီယန်တိုက ပြောကြားခဲ့သည်။ ဂျိုကိုဝီဒိုဒိုသည် တရားမဝင် ရွေးကောက်ပွဲရလဒ်များအရ မဲရမှတ် ၁၂ ရာခိုင်နှုန်းအသာဖြင့် ဦးဆောင်ခဲ့သည်။
စစ်သွေးကြွများသည် လူထူထပ်သည့် ဆန္ဒပြမှုများတွင် ဗုံးအပြည့်ပါဝင်သည့် ကျောပိုးအိတ်များကို အဝေးထိန်းကိရိယာဖြင့် ဖောက်ခွဲရန် Wifi ကို အသုံးပြုခြင်းဖြင့် မတည်ငြိမ်မှုများ အစပျိုးစေရန် မည်သည့် နိုင်ငံရေးမတည်ငြိမ်မှုကိုမဆို အမြတ်ထုတ်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
“အကြမ်းဖက်သမားလို့ သံသယရှိသူတွေက လူထုနဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်နိုင်လို့ မေ ၂၂ ရက်မှာ လမ်းပေါ်မထွက်ဖို့ လူထုကို တောင်းဆိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
လာမည့်သီတင်းပတ်တွင် ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့အပါအဝင် ဂျကာတာတစ်ဝန်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၃၂၀၀၀ ကို တပ်ဖြန့်ထားရှိမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
