အမေရိကန်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားရန် ဦးတည်နိုင်ကြောင်း သဘောထားတင်းမာသော သမ္မတအကြံပေးနှစ်ဦးက စိုးရိမ်ပူပန်နေစဉ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်သည် အီရန်နှင့်စစ်ဖြစ်ရန် အနေအထား၌ မရှိဟု မျှော်လင့်ကြောင်း မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ အီရန်သည် ဆွေးနွေးပွဲသို့ မကြာမီလာလိမ့်မည်ဖြစ်ကြောင်း ထရန့်က Twitter ၌ ရေးသားခဲ့ပြီးနောက် တစ်ရက်အကြာတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထရန့်၏ နောက်ဆုံးပြောကြားမှုသည် မကြာသေးမီရက်များအတွင်း အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်နှင့်အီရန်အကြား တင်းမာမှုအလွန်မြင့်တက်စေသည့် လုပ်ရပ်များနှင့် အလွန်အမင်း ကွဲလွဲနေခဲ့သည်။ ထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုတန် နှင့် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုတို့က တီဟီရန်အား ဖိအား အမြင့်ဆုံးပေးရန်အစီအစဉ်ကို ပြီးခဲ့သောနှစ်တွင် ပြုလုပ်ခဲ့သည်။
အီရန်၏ ရန်စမှုမြင့်တက်လာနေကြောင်း အိမ်ဖြူတော်၏ အခိုင်အမာပြောကြားမှုနှင့် ပတ်သက်၍ သတင်းအချက်အလက်ပိုမိုသိရှိနိုင်ရန် ဥပဒေပြုအမတ်များက တောင်းဆိုထားသည်။ ကွန်ဂရက်ခေါင်းဆောင်များသည် မေ ၁၆ ရက်တွင် အီရန်နှင့်ပတ်သက်သော လျှို့ဝှက်အစီရင်ခံမှု ရရှိခဲ့သော်လည်း အိမ်ဖြူတော်သည် ၎င်းတို့အား အသိပေးခြင်း မရှိမှုအတွက် ပါတီနှစ်ရပ်စလုံးမှ ဥပဒေပြု အမတ်အများအပြားက ဝေဖန်ခဲ့ကြသည်။
ထရန့်၏ မှားယွင်းသော သို့မဟုတ် အတွက်အချက်မှားသော တုံ့ပြန်မှုကြောင့် အမေရိကန်အား ပဋိပက္ခထဲသို့ သက်ဆင်းသွားနိုင်မှုကို ဥပဒေပြုအမတ်များနှင့် မဟာမိတ်များက စိုးရိမ်နေကြသည်။ ထရန့်သည် အီရန်၏ နျူကလီးယားစီမံကိန်းသဘောတူညီချက်မှ ပြီးခဲ့သောနှစ်တွင် နုတ်ထွက်ခဲ့ပြီးနောက် အီရန်၏စီးပွားရေးအား အကြီးအကျယ်ထိခိုက်စေသည့် ပိတ်ဆို့အရေးယူမှုများကို ပြန်လည် ချမှတ်ခဲ့သည်။
ဥပဒေပြုအမတ်များအား အသိပေးရန် ပျက်ကွက်မှုသည် ထရန့်အစိုးရ၏ မကောင်းသော ပုံစံတစ်မျိုးဖြစ်ကြောင်း၊ စစ်ကြေညာရန် အခွင့်အာဏာသည် ကွန်ဂရက်လက်ထဲတွင်သာ ရှိကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီက ပြောကြားခဲ့သည်။
ပင်လယ်ကွေ့၌ တင်းမာမှုမြင့်တက်နေစဉ် အမေရိကန်နှင့် ညှိနှိုင်းမှုများပြုလုပ်မည်မဟုတ်ဟု အီရန်က မေ ၁၆ ရက်တွင် ပယ်ချခဲ့သည်။ အမေရိကန်က ဒေသတွင်းသို့ စစ်အင်အားများ ထပ်မံစေလွှတ်ခဲ့ပြီးနောက် အီရန်ကမူ အမြင့်ဆုံး ထိန်းချုပ်မှုပြုလုပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။ ကမ္ဘာတွင် မဟာဗျူဟာမြောက်အကျဆုံး ရေလမ်းကြောင်း တစ်ခုဖြစ်သော ပင်လယ်ကွေ့သို့ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးရေယာဉ်စုနှင့် B-52 ဗုံးကြဲလေယာဉ်များအား စေလွှတ်ခဲ့မှုသည် အီရန်က သင်္ဘောငယ်များပေါ်သို့ ဒုံးများ တင်ဆောင်နေကြောင်း မှတ်တမ်း ဓာတ်ပုံများကို တုံ့ပြန်ခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အရပ်ဘက်သုံး သင်္ဘောများပေါ်သို့ ဒုံးများတင်ဆောင်မှုသည် စိုးရိမ်စရာဖြစ်ကြောင်း အမည်မဖော်သော တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အီရတ်တွင်ရှိသော အမေရိကန်သံတမန်ရေးရာ အဆောက်အအုံများအား တိုက်ခိုက်ရန် လျှို့ဝှက်ကြံစည်နေခြင်း မရှိကြောင်း အီရတ်ရှိ အီရန်လိုလားသည့် လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့က စွပ်စွဲချက်များကို ပယ်ချခဲ့သည်။ အမေရိကန်၏ ထိုစွပ်စွဲချက်များသည် အီရတ်တွင် မငြိမ်မသက်ဖြစ်စေရန်အတွက် မူမမှန်သော အကြောင်းပြချက်များဖြစ်ကြောင်း အီရန်ကျောထောက်နောက်ခံပြု Harakat al Nujaba မှ စစ်ဘက်တပ်မှူး နာဆာအယ်ရှိုမာရီက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
